ဗမာနွယ်ဘာသာစကားများ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Ethnologue.com တွင်ဖော်ပြထားချက်အရသိရှိရသော ဗမာနွယ်ဘာသာစကားများအား မိခင်ဘာသာအဖြစ်ပြောဆိုသူနှင့် အခြား တရုတ်-တိဗက်နွယ်ဘာသာစကားများအားပြောဆိုသူ အရေအတွက်အား ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပြထားသည့်ပုံ

ဗမာနွယ်ဘာသာစကားများသည် ဗမာစကားနှင့်ဆက်စပ်ဘာသာစကားများဖြစ်ကြသည်။ မြန်မာဘာသာစကား၊ ရခိုင်ဘာသာစကားနှင့် အခြားဗမာဒေသိယစကားများဖြစ်သော ထားဝယ်စကား စသည်တို့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့တွင်ပြောဆိုသုံးနှုန်းပြီး စာအရေးအသားစနစ်မရှိသေးသည့် တိုင်းရင်းသားဘာသာစကားများဖြစ်သော မိုင်းသာစကားမရူစကားလရှီစကား နှင့် ဇိုင်ဝါးစကားတို့လည်းပါဝင်သည်။

ဘာသာစကားအမည်များ[ပြင်ဆင်ရန်]

ဗမာနွယ်ဘာသာစကားအုပ်စုဝင်တို့ကို ဘာသာစကားအမျိုးမျိုးမှ အမည်အမျိုးမျိုးဖြင့် သတ်မှတ်ခေါ်ဝေါ်ကြလေသည်။ (ဘရက်ဒလေ ၁၉၉၇)

ဗမာနွယ်ဘာသာစကားတို့၏ အမည်များ
ကိုယ်တိုင်သတ်မှတ်သော လူမျိုးစုအမည် ကချင်ဘာသာအမည် ဗမာအမည် တရုတ်ဘာသာအမည်
လော်ဝေါ် မရူ မရူ Làngsù 浪速
ဇိုင်ဝါး အဇီး ဇီး Zǎiwǎ 载瓦
လချိတ် လရှီ လရှီ Lāqí 喇期, Lèqí 勒期
Ngochang - မိုင်းသာ Āchāng 阿昌
Pela - - Bōlā 波拉

ဇိုင်ဝါး(တရုတ်အခေါ် Xiaoshan 小山)၊ လော်ဝေါ်(တရုတ်အခေါ် Lang'e 浪峨)၊ လချိတ်(တရုတ်အခေါ် Chashan 茶山) နှင့် Pela လူမျိုးစုတို့သည် တရုတ်နိုင်ငံ၏ တိုင်းရင်းသားလူနည်းစုမျိုးနွယ်များအဖြစ် တရားဝင်သတ်မှတ်ထားပြီး ဂျိန်ဖော့လူမျိုးစုအတွင်းတွင် ပါဝင်သည်။ တရုတ်တို့က ဂျိန်းဖောမျိုးနွယ်စုအားလုံးကို စုပေါင်း၍ Dashan 大山 ဟု ခေါ်ဝေါ်ကြသည်။


ဂျိန်ဖော့၊ ဇိုင်ဝါ၊ လော်ဝေါ်၊ လချိတ်စသည့် မျိုးနွယ်စုတို့သည် ကချင်တိုင်းရင်းသားတို့တွင်ပါဝင်ကာ မိုင်းသာလူမျိုးမှာ ရှမ်းတိုင်းရင်းသားတို့တွင်ပါဝင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးတွင်အပါအဝင်ဖြစ်ကြသည်။

:[၁]

ပါဝင်သည့်ဘာသာစကားများ[ပြင်ဆင်ရန်]

လာမာ (၂၀၁၂)[ပြင်ဆင်ရန်]

ဤအုပ်စုတွင်ပါဝင်သည့် ဘာသာစကားများ၏ အသံအနိမ့်အမြင့် (တက်ကျသံ) အပေါ်မူတည်၍ လာမာ (၂၀၁၂) က အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည်။

  • ဗမာနွယ်
    • ဗမာဘာသာဗဟိုချက်အုပ်စု (တောင်ပိုင်းဗမာနွယ်)
    • မိုင်းသာ-ဇိုင်ဝါး (မြောက်ပိုင်းဗမာနွယ်)
      • မိုင်းသာအုပ်စု
      • ဇိုင်ဝါးအုပ်စု
        • Pela (Bola)
        • လရှီ-ဇိုင်ဝါး
          • လရှီ (Leqi)
          • မရူ၊ ဇိုင်ဝါး(အဇီး)

နိရှိ (၁၉၉၉)[ပြင်ဆင်ရန်]

နိရှိ (၁၉၉၉) က ဗမာနွယ်ဘာသာစကားတို့၏ အကြိုရှေးဦးဘာသာစကားဖြစ်သော Proto-Burmish ၏ တိုင်ဖြင့်နှင့်စသောစကားလုံးအသုံးအနှုန်းများမှ ယနေ့ခေတ်ဗမာနွယ်ဘာသာစကားအသီးသီးတို့တွင် ပြောင်းလဲလာပုံအပေါ်တွင်အခြေခံ၍ ဗမာအုပ်စုနှင့် မရူအုပ်စုဟူ၍ အုပ်စုနှစ်ခုခွဲခြားထားသည်။ ဗမာအုပ်စုတွင်ပါဝင်သောဘာသာစကားများမှာ ဗမာစကား၊ မိုင်းသာစကား၊ နှင့် ယူနန်ပြည်နယ် တယ်ဟုန်ခရိုင်တွင်နေထိုင်သော လူဦးရေ ၁၀၀ ခန့်ကသာပြောဆိုကြသော ရှန်းတောင်စကားတို့ဖြစ်ကြသည်။ မရူအုပ်စုတွင်ပါဝင်သောဘာသာစကားများမှာ အဇီး(ဇိုင်ဝါး)၊ လရှီ(လချိတ်)၊ မရူ၊ နှင့် Pela စကားတို့ဖြစ်ကြသည်။

ဗမာအုပ်စုဝင်ဘာသာစကားများ

ရခိုင်စကားတွင် နှင့် တို့သည် အသံမတူညီသော ဗျည်းအက္ခရာများဖြစ်ကြသော်လည်း ဗမာစကားတွင်မူ ထိုဗျည်းနှစ်ခုစလုံးသည် ဗျည်းသံအဖြစ်သို့ ပြောင်းလဲရောနှောသွားခဲ့ပြီး အခြားဗမာအုပ်စုဝင်ဘာသာစကားအများစုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ထားဝယ်စကားတွင်မူ ကျောင်း ကို က္လောင်း၊ မြေ ကို  မ္လေ စသည်ဖြင့် လဆွဲသံများကို ယနေ့အချိန်အထိ တွေ့ရှိနိုင်သေးသည်။ ရှေးမြန်မာစကားတွင် တွေ့ရှိရသော ယပင့်နှင့် ရရစ် ဗျည်းတွဲကိုမူ ဗမာအုပ်စုဝင်မည်သည့်ဘာသာစကားတွင်မှ မတွေ့ရတော့ပေ။ မြိတ်(ဘိတ်) စကားမှာမူ မြန်မာဒေသိယစကားများတွင် လေ့လာမှုအနည်းငယ်သာပြုလုပ်နိုင်သေးသည့် ဘာသာစကားတစ်ခုဖြစ်သည်။

  • ဗမာစကား (ရုံးသုံးမြန်မာဘာသာနှင့် ရခိုင်ဘာသာစကား စသည်တို့ ပါဝင်သည်)
  • မိုင်းသာစကား (Huang et al. 1992, Wannemacher 1995-7)
  • ရှန်းတောင်စကား (Huang et al. 1992)
  •  ?Hpon/Hpun (Luce 1985: Charts S, T, V; Henderson 1986)
  • ဓနုစကား
မရူအုပ်စုဝင်ဘာသာစကားများ
  • ဇိုင်ဝါး(အဇီး) (Burling 1967, Dai 1981, Yabu 1982, Xu and Xu 1984, Luce 1985: Charts S, T, V; Dai 1986, Huang et al. 1992, Wannemacher 1995-7, Wannemacher 1998)
  • Bola (Dai et al.: 1991; Huang et al. 1992, Edmondson 1992)
  • လရှီစကား (Luce 1985: Charts S, T, V; Huang et al. 1992; Wannemacher 1995-7)
  • မရူ(လော်ဝေါ်) (Clerk 1911, Burling 1967, Luce 1985: Charts S, T, V; Okell 1988; Dai et al.: 1991; Huang et al. 1992; Wannemacher 1995-7)

ဘရက်ဒလေ (၁၉၉၇)[ပြင်ဆင်ရန်]

ဒေးဗဒ် ဘရက်ဒလေ က ထိုင်းနိုင်ငံအနောက်ပိုင်းတွင်ပြောဆိုသည့် ပြောက်ကွယ်လုနီးနီး လိုလို-ဗမာအုပ်စုဝင်ဘာသာစကားတစ်ခုဖြစ်သော ဥဂွန်စကားကို လိုလိုနွယ်အုပ်စုတွင်မထည့်သွင်းပဲ ဗမာနွယ်အုပ်စုတွင်ထည့်သွင်းထားသည်။

  • ဥဂွန်-ဗမာနွယ်
    • ဥဂွန်နွယ်
    • ဗမာနွယ်
      • ဗမာဘာသာစကား
      • အခြားဗမာအုပ်စု
        • Hpun
        • ဗမာနွယ် ဗဟိုချက်အုပ်စု
          • မရူ၊ အဇီး
          • လရှီ၊ မိုင်းသာ၊ Bola၊ ရှန်းတောင်

မှတ်စု[ပြင်ဆင်ရန်]

  1. Dai Qingxia (2005).

ကိုးကား[ပြင်ဆင်ရန်]

  • Bernot, D. (1958). "rapports phonetiques entre le dialecte marma et le birman." Bulletin de la Société de Linguistique de Paris 53: 273-294.
  • Bernot, D. (1965). "The vowel systems of Arakanese and ." Lingua 15: 463-474.
  • Burling, Robbins (1967). Proto Lolo–Burmese. Bloomington: Indiana University.
  • Clerk, F. V. (1911). A manual of the Lawngwaw or Măru language, containing: the grammatical principles of the language, glossaries of special terms, colloquial exercises, and Maru-English and English-Maru vocabularies. Rangoon: American Baptist mission press.
  • Dai, Qing-xia (1981). "Zai-wa-yu shi-dong fan-chou di xing-tai bian-hua" (Morphological changes in the Zaiwa causative-verb category), in Min-zu yu-wen 1981.4:36-41.
  • Dai, Qing-xia (1986). Zaiwa-yu (the Atsi language). 中國大百科全書: 民族 Zhong-guo da-bai-ke quan-shu: Min-zu. (Magna Encyclopedia Sinica: Ethnology Volume). Beijing : 中國大百科全書出版社 : 新華書店經銷 Zhongguo da bai ke quan shu chu ban she : Xin hua shu dian jing xiao
  • Edmondson, Jerold A. (1992) Trip Notebook and Tapes on Bela Language. Unpublished, cited by Mann 1998.
  • Henderson, Eugénie J. A. (1986). "Some hitherto unpublished material on Northern (Megyaw) Hpun." John McCoy and Timothy Light, eds. Contributions to Sino-Tibetan Studies: 101-134.
  • Huang Bufan 黃布凡, ed. (1992). 藏緬語族語言詞匯 Zangmianyuzu yuyan cihui / A Tibeto-Burman Lexicon. Beijing: 中央民族大學出版社 Zhongyang minzu daxue chubanshe, 1992.
  • Luce, G. H. (1985). Phases of Pre-Pagán Burma: Languages and History. Oxford: Oxford University Press.
  • Mann, Noel Walter. 1998. A phonological reconstruction of Proto Northern Burmic. Unpublished thesis. Arlington: The University of Texas.
  • Maran, L. R. (1971a). "A note on the development of tonal systems in Tibeto-Burman." Occasional Publications of the Wolfenden Society on Tibeto-Burman Linguistics 2.
  • Maran, L. R. (1971b). "Burmese and Jingpho: a study of tonal linguistic processes." Occasional Publications of the Wolfenden Society on Tibeto-Burman Linguistics 4.
  • Pe Maung Tin (1933). "The dialect of Tavoy." Journal of the Burma Research Society 23.1: 31-46.
  • Okell, John (1988). "Notes on Tone Alternation in Maru Verbs". David Bradley, et al. eds. Prosodic Analysis and Asian Linguistics: to honour R.K. Sprigg. (Pacific Linguistics C-104). Canberra, A.C.T., Australia: Dept. of Linguistics, Research School of Pacific Studies, Australian National University:109-114.
  • Okell, John (1989). "Yaw: a dialect of Burmese". South East Asian linguistics: essays in honour of Eugénie J A Henderson. Ed. J H C S Davidson. London, SOAS:199-219.
  • Sawada Hideo (1999). "Outline of Phonology of Lhaovo (Maru) of Kachin State/". Linguistic & Anthropological Study of the Shan Culture Area, report of research project, Grant-in-Aid for International Scientific Research (Field Research):97-147.
  • Sprigg, R. K. (1963). "A comparison of Arakanese and Burmese based on phonological formulae." Shorto, H.L. (ed.) Linguistic Comparison in South East Asia and the Pacific: 109-132.
  • Taylor, L. F. (1922). "The dialects of Burmese." Journal of the Burma Research Society 11: 89-97.
  • Wannemacher, Mark W. (1995-7). Notes on Achang, Atsi, Jinghpaw, Lashi, and Maru. (unpublished manuscript cited by Mann 1998).
  • Wannemacher, Mark W. (1998) Aspects of Zaiwa Prosody: an Autosegmental Account. Summer Institute of Linguistics/University of Texas at Arlington.
  • Xu Xijian 徐悉艱 and Xu Guizhen 徐桂珍 (1984). 景頗族語言簡誌(載瓦語) / Jingpozu yuyan jianzhi (Zaiwa yu). Beijing: 民族出版社Minzu chubanshe, 1984.
  • Yabu Shirō 藪 司郎 (1980). "ビルマ語ヨー方言の資料 Birumago Yō hōgen no shiryō / Linguistic Data of the Yaw Dialect of the Burmese Language." アジア・アフリカ言語文化研究 Ajia Afurika gengo bunka kenkyū / Journal of Asian and African Studies 19: 164-182.
  • Yabu Shirō 藪 司郎 (1981a). "ビルマ語タウンヨウ方言の資料 Birumago Taunyou hōgen no shiryō / Linguistic Data of the Taung'yo Dialect of the Burmese Language." アジア・アフリカ言語文化研究 Ajia Afurika gengo bunka kenkyū / Journal of Asian and African Studies 21: 154-187.
  • Yabu Shirō 藪 司郎 (1981b). "ビルマ語ダヌ方言の会話テキスト Birumago Danu hōgen no kaiwa tekisuto / Conversational Texts of the Danu Dialect of Burmese." アジア・アフリカ言語文化研究 Ajia Afurika gengo bunka kenkyū / Journal of Asian and African Studies 22: 124-138.
  • Yabu Shirō 藪 司郎 (1982). アツィ語基礎語彙集 / Atsigo kiso goishū / Classified dictionary of the Atsi or Zaiwa language (Sadon dialect) with Atsi, Japanese and English indexes. Tokyo: 東京外国語大学アジア・アフリカ言語文化研究所 Tōkyō Gaikokugo Daigaku Ajia Afurika Gengo Bunka Kenkyūjo.
  • Yabu Shirō 藪 司郎 (1988). A preliminary report on the study of the Maru, Lashi and Atsi languages of Burma. In Yoshiaki Ishizawa (ed.), Historical and cultural studies in Burma, 65-132. Tokyo: Institute of Asian Studies, Sophia University.