အလင်္ကာ
အလင်္ကာဆိုသည်မှာ ပါဠိစကား အလင်္ကာရ မှ သက်ဆင်းလာခြင်း ဖြစ်သည်။ အလင်္ကာသည် မြန်မာစကားမဟုတ်၊ ပါဠိစာပေ ဝေါဟာရစကားလုံးဖြစ်သည်။ အနက်ကား အဆင်တန်ဆာ ဟု အဓိပ္ပာယ်ရသည်။ မြန်မာစာ မြန်မာမှု၌လည်း ပါဠိသံ မပျောက်ပဲ အလင်္ကာဟူ၍ပင် အများအသုံးပြုလာခဲ့ကြသည်။ အနက်ကား အဆင်တန်ဆာ ဟု အဓိပ္ပာယ်ရသည်။ လူကို အဝတ်တန်ဆာဆင်လျှင် လှပနှစ်သက်ဖွယ်ဖြစ်သလို စာကိုအလင်္ကာဖြင့်ရေးသောအခါနှစ်လိုဖွယ် ဖြစ်လာသည်။ မြန်မာစာ မြန်မာမှု၌လည်း ပါဠိသံမပျောက်ပဲ အလင်္ကာဟူ၍ပင် အများအသုံးပြုလာခဲ့ကြသည်။ အကြမ်းအားဖြင့် အလင်္ကာ (၆)မျိုး ရှိပြီး လက္ခဏာများမှာ -
- ဥပမာအလင်္ကာ
- ရူပကအလင်္ကာ
- ဝင်္ကဝုတ္တိအလင်္ကာ
- အတိဿယဝုတ္တိအလင်္ကာ
- မြည်သံစွဲ (သို့) အနုကရဏသဒ္ဒါ အလင်္ကာ
- သံတူကပ် အလင်္ကာ တို့ ဖြစ်သည်။
ဥပမာအလင်္ကာသည် အနှိုင်းနှင့် အနှိုင်းခံတို့၏ တူညီသောဂုဏ်ရည်နှစ်ခုကို ခိုင်းနှိုင်းဖွဲ့ဆိုထားပြီး မည်သည်ကို မည်သည်နှင့်၊ မည်သည့်အချက်နှင့်တူ၍ ခိုင်းနှိုင်းထားကြောင်းအား ကြည့်၍ရှာနိုင်သည်။
ရူပကအလင်္ကာသည် အနှိုင်းနှင့် အနှိုင်းခံတို့၏ တူညီသောဂုဏ်ရည်နှစ်ခုကို ထပ်တူပြုဖွဲ့ဆိုထားပြီး မည်သည်ကို မည်သည်နှင့်၊ မည်သည့်ဂုဏ်ရည်နှင့်တူ၍ ထပ်တူပြုထားကြောင်းအား ကြည့်၍ရှာနိုင်သည်။
ဝင်္ကဝုတ္တိအလင်္ကာသည် စာရေးသူမှ ပြောချင်သောအချက်ကို သွယ်ဝိုက်ပြောထားခြင်းဖြစ်ပြီး တိုက်ရိုက်ဖွင့်ဆို၍ မရ၊ မည်သည်ကို မည်သို့ သွယ်ဝိုက်ဖွဲ့ဆိုထားကြောင်း ကြည့်၍ရှာနိုင်သည်။
အတိသယဝုတ္တိအလင်္ကာသည် စာရေးသူမှ ပြောချင်သောအချက်ကို အလွန်အကြူးပြောဆိုထားခြင်းဖြစ်ပြီး
မည်သည်ကို မည်သို့ လောကဖြစ်စဉ်ထက် လွန်ကြူးစွာဖွဲ့ဆိုထားကြောင်း ကြည့်၍ရှာနိုင်သည်။
မြည်သံစွဲအလင်္ကာသည် မြည်သံများကို စာထဲတွင် ထည့်သွင်းရေးဖွဲ့ထားခြင်းဖြစ်ပြီး မြည်သံကို မည်သည်အတွက် သုံးထား၍ ထိုသို့ထွက်ကြောင်း ကြည့်၍ရှာနိုင်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာစာပေ လက်ရွေးစင်၊ ဦးဧဟန်၊ ၁၉၆၈၊ ဩဂုတ်လ၊ စာ-၁၀