လီဆူဘာသာစကား
| လီဆူ | |
|---|---|
| ꓡꓲ-ꓢꓴ | |
| ဒေသခံ | တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ |
| လူမျိုးစု | လီဆူ |
ဒေသခံ ပြောဆိုသူများ | (ca. 940,000 ရည်ညွှန်း 2000–2007)[၁] |
တရုတ်-တိဗက်နွယ်
| |
| ဖရေဆာ အက္ခရာ | |
| တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | Weixi Lisu Autonomous County, Nujiang Lisu Autonomous Prefecture (PRC) |
| ဘာသာစကားကုဒ်များ | |
| ISO 639-3 | lis |
| Glottolog | lisu1250[၂] |
လီဆူဘာသာစကား (လီဆူ: ꓡꓲ-ꓢꓴ သို့မဟုတ် ꓡꓲꓢꓴ; တရုတ်: 傈僳语; ပင်ယင်: lìsùyǔ; အင်္ဂလိပ်: Lisu language) သည် တိဗက်-ဗမာနွယ် ဘာသာစကားတစ်ခုဖြစ်ပြီး ယူနန်ပြည်နယ်( တရုတ်နိုင်ငံ အနောက်တောင်ပိုင်း)၊ မြန်မာနိုင်ငံ မြောက်ပိုင်း၊ နှင့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၏ နေရာအနည်းငယ်တို့တွင် အသုံးပြုကြသည်။
ခွဲခြားထားသော လီဆူစကားများ
[ပြင်ဆင်ရန်]လီဆူလူမျိုးများသည် စာပေမပေါ်ပေါက်မီ ရှေ့ပဝေသဏီကပင် ဘာသာစကားရှိခဲ့ကြောင်း သိရသည်။ မျိုးနွယ်စု အမည်အမျိုးမျိုး ရှိသော်လည်း စကားပြောဆိုဆက်ဆံရာတွင် တစ်ဦးနှင့် တစ်ဦး နားမလည်နိုင် လောက်အောင် ကွဲပြားခြားနားကြသည်။
လီဆူဘာသာစကားများတွင် သုံးမျိုးခွဲခြားထားပြီး မူရင်းလီဆူးစကား၊ လီဆူနောစကားနှင့် လီဆူလေမယ်စကားတို့ ဖြစ်ကြောင်းသိရသည်။ လီဆူမျိုးနွယ်ဝင် မိသားစုများသည် မူရင်းလီဆူဘာသာစကားကိုသာ ပြောကြကြောင်း သိရသည်။ လီဆူနောစကားနှင့် လီဆူလေမယ်စကားပြောများထက် လီဆူလေမယ်စကားများကို အဓိကထား သုံးစွဲခဲ့ကြကြောင်း သိရသည်။ [၃]
ဒေသန္တစကားအရ ခွဲခြားပုံများ
[ပြင်ဆင်ရန်]ဒေသန္တစကားရပ် (၁၀) မျိုးခန့် ရှိသော်လည်း နေရာဒေသအလိုက် ကွဲပြားခြားနားမှုများ ရှိကြကြောင်း သိရသည်။ တောတောင်ထူထပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ကူးလူးဆက်ဆံမှု နည်းပါးသောကြောင့် ဖြစ်သည်။[၄]
လီဆူစာပေ
[ပြင်ဆင်ရန်]လီဆူလူမျိုးတို့တွင် ကိုယ်ပိုင်စာပေ မပေါ်ထွန်းသေးမီ ရှေးအစဉ်အလာ ကာလက သစ်ပင်သစ်ကိုင်းများနှင့် သစ်ခေါက်များပေါ်တွင် သင်္ကေတ (Symbols) များ ဓားဖြင့် ထွင်းထုမှတ်သား၍လည်းကောင်း၊ ကြိုးထုံးများချည်နှောင်၍လည်းကောင်း အချင်းချင်း ဆက်သွယ်အသုံးပြုခဲ့ကြသည်။[၅] ကိုယ်ပိုင်မှတ်တမ်းတင်နိုင်သည့် စာပေစနစ် မရှိခဲ့ခြင်းကြောင့် ရှေးခေတ်သမိုင်းကြောင်းနှင့် ရိုးရာပုံပြင်များကို နှုတ်မှုရေးရာ ဖြင့်သာ တစ်ဆင့်စကား လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြရသည်။
၂၀ ရာစုအစောပိုင်းတွင် လီဆူလူမျိုးများအတွက် ရောမအက္ခရာကို အခြေခံထားသည့် ကိုယ်ပိုင်စာပေစနစ် တစ်ရပ် ပေါ်ထွန်းလာခဲ့သည်။ တရုတ်-မြန်မာနယ်စပ်တွင် သာသနာပြုခဲ့သော အင်္ဂလိပ်လူမျိုး ဆရာကြီး ဂျေ အို ဖရေဇာ (J. O. Fraser) နှင့် ကရင်လူမျိုး သာသနာပြု ဆရာကြီး ဦးဘသော် (အချို့မှတ်တမ်းများတွင် ဆရာကြီး ငွားတာ ဟုလည်းခေါ်တွင်) တို့သည် ကနဦးအခြေခံကို စတင်ခဲ့ကြသည်။[၆]
အဆိုပါ ရောမအက္ခရာအခြေခံ လီဆူစာပေ (Fraser Script) ကို စနစ်တကျ တီထွင်အောင်မြင်ရန်အတွက် လီဆူတိုင်းရင်းသား ခေါင်းဆောင်များနှင့် ပညာရှိများဖြစ်ကြသော ဦးဇင်ဘာ၊ ဦးဂူအာဆီး၊ ဦးဇော်ကနားလူး၊ ဦးခေါ်ဘူး တို့က ဘာသာစကားဆိုင်ရာ သဒ္ဒါနှင့် အသံထွက်များ တိုက်ဆိုင်စစ်ဆေးရာတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည်။[၇] ဤစာပေစနစ်ကို ခရစ်ယာန်သာသနာပြုလုပ်ငန်းများတွင် သမ္မာကျမ်းစာအဖြစ် စတင်အသုံးပြုခဲ့ပြီးနောက်ပိုင်း၊ ယခုအခါ တိုင်းရင်းသား ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍ အသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသည်။ လီဆူအက္ခရာစနစ်တွင် ရောမအက္ခရာအကြီးများကို ပုံမှန်အတိုင်းလည်းကောင်း၊ ပြောင်းပြန်လှန်၍လည်းကောင်း အသုံးပြုထားပြီး ဗျည်းအလုံးပေါင်း ၄၀ နှင့် အသံကွဲပြားမှုကို ပြသည့် သင်္ကေတ (Tone marks) များ ပါဝင်သည်။[၈] လီဆူဘာသာစကား၏ ဝါကျဖွဲ့စည်းပုံ တည်ဆောက်ပုံသည် ဗမာစကား၏ အသုံးအနှုန်း၊ သဒ္ဒါတည်ဆောက်ပုံ (Subject-Object-Verb) တို့နှင့် အချို့နေရာများတွင် များစွာတူညီမှုရှိသည်။
ကွန်ပျူတာစနစ်နှင့် ယူနီကုတ်ပေါ်ထွန်းလာပုံ
[ပြင်ဆင်ရန်]ခေတ်သစ်နည်းပညာနယ်ပယ်တွင် လီဆူစာပေကို ကွန်ပျူတာစနစ်အတွင်း ထည့်သွင်းအသုံးပြုနိုင်ရန် ၁၉၉၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာသိပ္ပံ (ရူပဗေဒ) ကျောင်းသားနှင့် ကွန်ပျူတာပညာရှင် က ပထမဆုံးသော လီဆူစာလုံးသုံး ကွန်ပျူတာဖောင့် (Lisu Font) နှင့် လက်ကွက်စနစ် (Keyboard Layout) ကို စတင်တီထွင်ဖန်တီးပေးခဲ့သည်။[၉]
နည်းပညာတိုးတက်လာသည်နှင့်အမျှ ကွန်ပျူတာနှင့် စမတ်ဖုန်းများတွင် စံနှုန်းတစ်ခုတည်းအဖြစ် အသုံးပြုနိုင်ရန်အတွက် စောကနဲလေးသည် နိုင်ငံတကာ ယူနီကုတ်အဖွဲ့အစည်း (Unicode Consortium) နှင့် ပူးပေါင်းကာ လီဆူစာပေကို ယူနီကုတ်စံနှုန်းအတွင်း ထည့်သွင်းနိုင်ရန် ကူညီဆောင်ရွက်ခဲ့သည်။[၉] ရလဒ်အနေဖြင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ထွက်ရှိခဲ့သော Unicode 5.2 စံနှုန်း၌ လီဆူအက္ခရာများကို `U+A4D0` မှ `U+A4FF` Block အတွင်း ကမ္ဘာ့စံနှုန်းအဖြစ် တရားဝင် သတ်မှတ်ပေးခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ ဒီဂျစ်တယ်စနစ်တွင် လီဆူစာပေကို လွတ်လပ်စွာ ရိုက်နှိပ်အသုံးပြုနိုင်ပြီ ဖြစ်သည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ လီဆူ at Ethnologue (18th ed., 2015)
- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Lisu"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
- ↑ http://www.skykaren.com/2010/09/blog-post_2150.html[လင့်ခ်သေ]
- ↑ http://wapedia.mobi/my/%E1%80%9C%E1%80%AE%E1%80%86%E1%80%B0%E1%80%B8%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8[လင့်ခ်သေ]
- ↑ Bradley၊ David (၁၉၉၄)။ Dictionary of the Lisu Language (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Canberra: Pacific Linguistics။ pp. xi–xiii။
- ↑ Fraser၊ James O. (၁၉၂၂)။ Handbook of the Lisu (Yawyin) Language (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Rangoon: Government Printing။
- ↑ အမတ်ကြီး၊ ဦးလေးရွှေ (၁၉၉၇)။ ပြည်ထောင်စုမြန်မာနိုင်ငံတော် လီဆူတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းကြောင်း။ ရန်ကုန်: လီဆူစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ။ pp. ၄၅–၄၈။
- ↑ Lisu (Unicode Block) (in en)။ ၁၂ ဇွန် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- 1 2 Saw၊ Ka Nay Lay (၁၉၉၉)။ "Development of Non-Roman Scripts for Ethnic Minorities in Myanmar"။ Proceedings of the SEALS Conference (အင်္ဂလိပ်ဘာသာစကားဖြင့်)။
- ↑ Unicode 5.2.0 Version Notices (in en) (၂၀၀၉)။ ၁၂ ဇွန် ၂၀၂၆ တွင် ပြန်စစ်ပြီး။