မော်ကယ်ဘာသာစကား

ဝီကီပီးဒီးယား မှ
မော်ကယ်
ဆလုံ
ဒေသခံမြန်မာနိုင်ငံထိုင်းနိုင်ငံ
ဒေသမြိတ်ကျွန်းစု၊ ကရာကျွန်းဆက် အနောက်ပိုင်း
လူမျိုးစုဆလုံလူမျိုး
ဒေသခံ ပြောဆိုသူများ
(၈၀၀၀ ရည်ညွှန်း ၁၉၈၄–၂၀၀၇)[၁]
ဩစတြိုနီးရှန်း
ဘာသာစကားကုဒ်များ
ISO 639-3Either:
mwt – Moken
mkm – Moklen
Glottologmoke1241[၂]

မော်ကယ်ဘာသာစကား သည် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ကြသော ဆလုံလူမျိုးများ (ပင်လယ်ဂျစ်ပစီများ) ပြောဆိုအသုံးပြုကြသော ဘာသာစကားတစ်ခု ဖြစ်သည်။ ဤဘာသာစကားသည် မလေးယို-ဆမ်ဘာဝမ် ဘာသာစကားများမှ ကွဲထွက်လာသော ဘာသာစကားဖြစ်ပြီး မွန်-ခမာ ဘာသာစကားများ၏ လွှမ်းမိုးမှုများစွာ ပါဝင်သည်။[၃]

ဒေသိယစကားများ[ပြင်ဆင်ရန်]

မော်ကယ်ဒေသိယစကားများကို နှစ်မျိုးခွဲခြားနိုင်ပြီး Moken နှင့် Moklen တို့ဖြစ်ကာ ထိုင်းရေပြင်တွင် ပြောဆိုကြသော မူကွဲနှစ်ခုအလိုက် ဖြစ်သည်။ သို့သော်လည်း Moklen သည် Moken ဒေသိယစကား ဒါဇင်ဝက်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြောဆိုကြသည်။ မြန်မာမူကွဲများကို လုံလုံလောက်လောက် စူးစမ်းမှုများ မရှိသော်လည်း မြောက်မှ တောင်အထိ သိရှိထားပြီးသော ဒေသိယစကားများမှာ

  • Dung (ပြောဆိုသူ ၆၃၅ ဦး[၄])
  • Jait (ပြောဆိုသူ ၃၃၁ ဦး[၄])
  • Lebi, L'be (ပြောဆိုသူ ၉၈၀ ဦး[၄])
  • Niawi
  • Jadiak
  • Moklen

Dung မှ Niawi အထိကို မြန်မာနိုင်ငံတွင် ပြောဆိုကြပြီး၊ Jadiak နှင့် Moklen ကို ထိုင်းနိုင်ငံတွင် ပြောဆိုကြသည်။

အမျိုးအစားခွဲခြားခြင်း[ပြင်ဆင်ရန်]

Moken ကို ရံဖန်ရံခါတွင် အရှေ့တောင်အာရှ၏ အခြား မလေးယို-ပိုလီနီးရှန်း ဘာသာစကားအုပ်စု Chamic နှင့် မလေးယစ်တို့တွင် ထည့်သွင်းဖော်ပြလေ့ရှိသော်လည်း Larish (2005) က ယင်းတို့နှစ်ခုတွင် မပါဝင်ဟာ ကောက်ချက်ချခဲ့သည်။ တူညီသော ကျွန်းများရှိ ပင်လယ်ဂျစ်ပစီများ ပြောဆိုကြသည့် Urak Lawoi' ဘာသာစကားမှာ မလေးယစ်ဘာသာစကား တစ်ခု ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Moken at Ethnologue (18th ed., 2015)
    Moklen at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Moken–Moklen"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. Larish, Michael David. 1999. The Position of Moken and Moklen Within the Austronesian Language Family. Doctoral dissertation, University of Hawai'i at Mānoa.
  4. ၄.၀ ၄.၁ ၄.၂ Naw Say Bay. 2015. The process of preserving Moken from extinction. Paper presented at SoLE-4, Payap University.
  • Michael Larish, 2005. "Moken and Moklen", in Adelaar & Himmelmann, eds, The Austronesian languages of Asia and Madagascar
  • Naw Say Bay. 1995. "The phonology of the Dung dialect of Moken", in Papers in Southeast Asian Linguistics No. 13, Studies in Burmese Languages, ed. D. Bradley, vol. 13, pp. 193–205. Pacific Linguistics, the Australian National University.