တိုင်းလိုင်ဘာသာစကား
တိုင်းလျန် | |
---|---|
တိုင်းလိုင်၊ ရှမ်းနီ | |
ဒေသခံ | မြန်မာနိုင်ငံ |
ဒေသ | ကျိုင်းတုံမြို့နယ်၊ မြစ်ကြီးနားမြို့နယ် |
ဒေသခံ ပြောဆိုသူများ | ၁၀၀,၀၀၀ (၂၀၁၀)[၁] |
ကရာ–ဒိုင်း
| |
မြန်မာစာ အရေးအသား (historical) | |
ဘာသာစကားကုဒ်များ | |
ISO 639-3 | tjl |
Glottolog | tail1248 [၂] |
တိုင်းလိုင် သို့မဟုတ် တိုင်းလျန် သို့မဟုတ် ရှမ်းနီဘာသာစကား သည် မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုကြသော တိုင်းဘာသာစကားတစ်ခု ဖြစ်ပြီး ခန္တီးရှမ်းဘာသာစကားနှင့် ဆက်စပ်နေသည်။ ယင်းတွင် ကိုယ်ပိုင်အရေးအသားစနစ်ရှိသည်။ ပြောဆိုသူအရေအတွက် အတိအကျကောက်ခံထားခြင်း မရှိသော်လည်း ၁၀၀,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။
အမည်များ
[ပြင်ဆင်ရန်]တိုင်းလျန်၏ အမည်ကွဲများမှာ ရှမ်းနီ၊ ရှမ်းဗမာ၊ ရှမ်းကလေး၊ တိုင်းလျှန်၊ တိုင်းလိုင်၊ တိုင်းနိုင်း၊ တိုင်းဒိုင်း တို့ ဖြစ်ကြသည်။ (Ethnologue)
ပျံ့နှံ့မှု
[ပြင်ဆင်ရန်]တိုင်းလိုင်ဘာသာစကားကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ဟုမ္မလင်းမြို့နယ် ရှိ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ် နှင့် ဥရုမြစ် တလျောက်တွင် ပြောဆိုကြသည်။ ထို့ပြင် ကချင်ပြည်နယ်၊ အတွင်းရှိ မိုးညှင်းမြို့နယ်၊ ဗန်းမော်မြို့နယ် နှင့် မြစ်ကြီးနားမြို့နယ် တို့တွင်လည်း ပြောဆိုကြသည်။
ဒေသိယစကားများ
[ပြင်ဆင်ရန်]တိုင်းလိုင်ဘာသာစကားတွင် အုပ်စုခွဲနှစ်ခုရှိပြီး တိုင်းနိုင်း နှင့် တိုင်းလိုင် တို့ ဖြစ်ကြသည်။ တိုင်းနိုင်းများမှာ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတလျောက်တွင် နေထိုင်ကြပြီး၊ တိုင်းလိုင်မှ ာဥရုမြစ် ချင်းတွင်းမြစ်တလျောက်နှင့် ကဘော်ချိုင့်ဝှမ်းဒေသတို့တွင် နေထိုင်ကြသည်။ (Ethnologue)
ကိုးကား
[ပြင်ဆင်ရန်]- ↑ တိုင်းလျန် at Ethnologue (18th ed., 2015)
- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Tai Laing"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။