မာတိကာသို့ ခုန်သွားရန်

လေးလုံးစပ်လင်္ကာ

ဝီကီပီးဒီးယား မှ

လေးလုံးစပ်လင်္ကာ

[ပြင်ဆင်ရန်]

လေးလုံးလျှင် တပါဒစပ်ဆိုရသော ကဗျာအဖွဲ့ ဖြစ်သည်။ လင်္ကာ ဆိုသည်မှာ အလင်္ကာရမှ ဆင်းသက်လာသော စကားဖြစ်သည်။ တန်ဆာ ဆင်ခြင်းဟု အဓိပ္ပာယ်ရသည်။ မြန်မာကဗျာတွင် အသုံးများသော ကဗျာ အဖွဲ့ဖြစ်သည်။ ပုဂံခေတ်မှ ယနေ့ခေတ်အထိ လေးလုံးစပ် လင်္ကာနည်းကို သုံးလေ့ရှိသည်။

စပ်နည်း

[ပြင်ဆင်ရန်]

သံပေါက်စပ်နည်းကို နားလည်လျှင် လင်္ကာစပ်နည်းကို အလိုလို နားလည်နိုင်သည်။ လေးလုံးလျှင် တစ်ကြိမ်ဖြတ်တောက်၍ စည်းဝါးမှန်မှန် ဖွဲ့ရသည်။ ဖွဲ့သောအခါ အောက်ပါပုံစံအတိုင်း ကာရန်ယူ၍ ဖွဲ့ဆိုရသည်။ (၁) ၄ - ၃ - ၂ နည်း
(၂) ၄ - ၃ - ၁ နည်း
(၃) ၄ - ၁ နည်း
(၄) ၄ - ၂ နည်း
(၅) ၃ - ၁ နည်း
(၆) ၃ - ၂ နည်း ဟူ၍ စပ်ဆိုနိုင်သည်။
အထူးမှတ်ရန်မှာ လေးလုံးစပ်လင်္ကာတွင် ၄ - ၃ - ၂ စပ်နည်းသည် အခြေခံဖြစ်သည်။ ထိုမှဆင့်ပွား၍အမျိုးမျိုးဖြာထွက်လာခြင်း ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)