အရှေ့ပိုးကရင်ဘာသာစကား

ဝီကီပီးဒီးယား မှ
အရှေ့ပိုး
တောင်ပိုင်းပိုး
အရှေ့ဖလုံ (Eastern Phlou)
ဒေသခံမြန်မာနိုင်ငံထိုင်းနိုင်ငံ
လူမျိုးစုပိုးကရင်လူမျိုး
ဒေသခံ ပြောဆိုသူများ
(၁ သန်း ရည်ညွှန်း ၁၉၉၈)[၁]
မြန်မာစာ (အက္ခရာမူကွဲများ)
လဲကယ်စာ
ဘာသာစကားကုဒ်များ
ISO 639-3kjp
Glottologpwoe1235[၂]

အရှေ့ပိုးကရင်ဘာသာစကား သို့မဟုတ် ဖလုံဘာသာစကား သည် မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းကျော်နှင့် ထိုင်းနိုင်ငံတွင် လူဦးရေ ငါးသောင်းကျော်ခန့် ပြောဆိုအသုံးပြုကြသော ကရင်ဘာသာစကားတစ်ခု ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တောင်ပိုင်းပိုးဘာသာစကားဟု ခေါ်ဆိုသည်။ ဤဘာသာစကားသည် အခြားပိုးကရင်ဘာသာစကားခွဲများနှင့် အပြန်အလှန် နားလည်နိုင်စွမ်း မရှိပေ။

လဲကယ်စာ ခေါ် ကြက်ယက်စာ ကို ၁၈၃၀ မှ ၁၈၆၀ ခုနှစ်များအတွင်းကာလတွင် လဲကယ်ဘာသာကိုးကွယ်သူများက ဖန်တီးခဲ့ကြသည်။ ယင်းမှလွဲ၍ မြန်မာအက္ခရာမူကွဲများကို အသုံးပြုကြပြီး ထိုင်းနိုင်ငံရှိ ဒုက္ခသည်များက အကန့်အသတ်ဖြင့် အသုံးပြုနိုင်သော ထိုင်းအက္ခရာတို့ကို ဖန်တီးခဲ့ကြသည်။

ရင်းမြစ်[ပြင်ဆင်ရန်]

ရှေ့ဟောင်းကရင်စာပေတွင် ရေးသားထားသော ပေရေးကရင်စာဆိုလျှင်ဖြင့် မြန်မာ၊ မွန်လူမျိုးများ ရေးသားအသုံးပြုနေကြသော၊ ပလ္လဝအက္ခရာဖြစ် ရေးသော အရေးအသားမျိုးပင် ဖြစ်သည်။ အထက်ကျော်ကာရီက သထုံနဲ့မုတ္တမဟာ သင်္ဘောဆိပ်ကမ်းမြို့များ ဖြစ်ခဲ့ကြသည်။ ထိုဒေသတွင် မွန်များ နှင့်ကရင်များဟာ ဒွေးရောရှက်တင်နေခဲ့ကြသည်။ အိန္ဒိယကကုန်သည်များသည် (၇)ရာစုနှစ် မတိုင်မီက တည်းက သထုံနဲ့မုတ္တမကို အကူးအသန်းရှိကြပြီး အိန္ဒိယကုန်သည်များ ယူဆောင်လာခဲ့ကြသော ပလ္လဝအက္ခရာ အရေးအသားကို မွန်နှင့်ကရင်က မိမိတို့ရဲ့ အသံထွက်အတိုင်း ပေါ် လွင်အောင်ရေးသားနိုင်တဲ့ စာရေးနည်းကို ရရှိကြတယ်လို့ဆိုရပါမည်။ ပလ္လဝအက္ခရာဆိုသည် အိန္ဒိယပြည်ရဲ့ ရှေးအကျဆုံး ဗြဟ္မီအက္ခရာကို ဒေသအလိုက်မူကွဲတွေ ပွားယူကြရာမှ ဂုတ္တမင်းဆက်များအုပ်စိုးချိန်တွင် ဂုတ္တအက္ခရာ၊ ကဒမ်ဗမင်းဆကအုပ်စိုးချိန်တွင် ကဒမ္ပအက္ခရာ၊ ပလ္လဝမင်းဆက်တွင် ပလ္လဝအက္ခရာရယ်လို့ မူလဗြဟ္မီအက္ခရာက ရေးပုံသားပုံပြောင်းပြောင်းပြီး ဆင်းသက်လာခဲ့တဲ့အက္ခရာပင်ဖြစ်သည်။ ဗမာပြည်တွင် သုံးနေသော အက္ခရာ၏ အရင်းအမြစ်သည် ပလ္လဝအက္ခရာပင်ဖြစ်သည်။ ထိုအက္ခရာသည် အိန္ဒိယကုန်သည်များကတဆင့် မြန်မာပြည်ထဲဝင်ရောက်ခဲ့သည်။ အက္ခရာသမိုင်းနဲ့ပတ်သက်ပြီး အထောက်အထားတွေ ရှာဖွေကြည့်ရာတွင် ရခိုင်ဘက်တွင် ဂုတ္တအက္ခရာနဲ့သက္ကဋကျောက်စာ၊ ဟန်လင်းဘက်တွင် ဂုတ္တအက္ခရာဖြစ် ပျူကျောက်စာများ တွေ့ရှိရခြင်းအားဖြင့် ဗမာပြည်ထဲသို့ ဂုတ္တအက္ခရာဝင်ရောက်လာသော ကာလသည် ခရစ်နှစ် (၄၀၀)ထက်မစော (၆၀၀)ထက်နောက်မကျဘူးဟု သုတေသီများက ယူဆထားကြသည်။ သရေခေတ္တရာရှိ ပျူလူမျိုးတို့သည် ကဒမ္ပအက္ခရာကိုသုံးပြီး၊ သထုံနှင့် မုတ္တမဘက်ရှိ မွန်လူမျိုးများသည် ပလ္လဝအက္ခရာနဲ့ ခရစ်နှစ် (၇၀၀) အချိန်မှ စတင်အသုံးပြုသည်ဟု ယူဆရခြင်းကြောင့် ထိုအချိန်က မွန်နဲ့အတူနေတဲ့ ကရင်များကလည်း အဲဒီ ခေတ်လောက်ကဘဲ ကရင်စာကို ပလ္လဝအက္ခရာနဲ့ ကရင်အသံထွက်အတိုင်းပွားပြီး သုံးနေပြီးဟု ယူဆဆုံးဖြတ်ရပါမည်။ ကျောက်စာမှတ်တမ်းများကိုကြည့်လျှင်
၁။ အနိရုဒ္ဓါ (အနော်ရထာမင်း)သည် ခရစ်နှစ် ၁၀၄၇-၇၇ တွင် ဘုရင်မှတ်တမ်းကို သက္ကဋပါဠိဘာသာဖြင့် ရေးတဲ့ ရေးမှတ်ထားခြင်း။
၂။ ကျန်စစ်သား (ထီးလှိုင်ရှင်)သည် ခရစ်သက္ကရာစ် ၁၀၄၄- ၁၁၁၃ တွင် မွန်ဘာသာဖြင့် မှတ်တမ်းတင်ထားခြင်း။
၃။ အလောင်းစည်သူ (၁) သည် ခရစ်နှစ် ၁၁၁၃- ၆၃ တွင် ပါဠိနဲ့မှတ်တမ်းတင်ထားခြင်း။
၄။ ရာဇကုမာရ် (ကျန်စစ်သားရဲ့သား) ဟာ ခရစ်နှစ် ၁၁၁၃-မှာပါဠိ၊ မွန်၊ ပျူ၊ မြန်မာ ၄ မျိုးပါတဲ့ မြစေတီကျောက် စာကို ရေးထိုးပါသည်။
၅။ နရပတိစည်သူသည် ခရစ်သက္ကရာစ် ၁၁၇၄-၁၂၁၉ တွင် မြန်မာဘာသာနှင့် မှတ်တမ်းတင်ထားသည်။

အထောက်အထားအရ ပလ္လဝအက္ခရာကို မွန်နဲ့တပြိုင်တည်း၊ သို့မဟုတ် မရှေးမနှောင်း အသုံး ပြုခဲ့သော ကရင်စာသည် ခရစ်နှစ် (၇၀၀) လောက်တွင် စာပေအရေးအသားအတတ်ပညာကို တတ်ပြီးလို့ ခန့်မှန်း ရသည်။ ခန့်မှန်းချက်အတိုင်းဆိုရင်ဖြင့် ရှေးဟောင်းကရင်စာပေဟာ နှစ်ပေါင်း (၁၀၀၀) ပင်ကျော်ပြီလို့ ဆိုသင့်ပါသည်။ ထို့ကြောင့် မွန်စာနှင့် ကရင်စာသည် ဆက်နွယ်နေပါသည်။ ရှမ်းစာဟောင်းနဲ့ ပအိုဝ်စာသည်လည်း မြန်မာစာ၊ ကရင်စာ၊ မွန်စာတို့နှင့် ကွင်းဆက်များဖြစ်သည်။ မူလဗြဟ္မီအက္ခရာ၏ဩဇာသည် သီဟိုဠ်၊မြန်မာ၊ ယိုးဒယား(ထိုင်း)၊ လော၊ ကမ္ဘောဒီးယားအထိ ပြန့်နှံ့သွားသည်။ မွန်လူမျိုးတွေက ပလ္လဝအက္ခရာကို အသုံးပြုပြီး စာပေရေးသားသော အတတ်ပညာကို တတ်ချိန်တွင် အတူနေကြသော ကရင်များသည်လည်း မိမိတို့ဘာသာစကားအသံထွက်နှင့် ထိုအက္ခရာကိုပင် အသုံးပြုပြီး စာပေရေးသားနည်းအတတ်ပညာကို တတ်မြောက်ပြီးဖြစ်ပေသည်။ မွန်နဲ့ ကရင်တို့ရဲ့စာပေပညာတတ်ကျွမ်းချိန်သည် ခရစ်နှစ် (၇၀၀)ရာစုလောက်တွင်ဖြစ်ပြီး မြန်မာက (၁၁) ရာစုလောက်ကျမှ ဒီအက္ခရာနဲ့ပဲ မြန်မာစာကို ကောင်းကောင်းကြီး ရေးသားအသုံးပြုလာတာကို တွေ့ရသည်။ လေ့လာချက်များအရ ရှေးက ရေးသားထားခဲ့သော ကရင်စာပေအားလုံးသည် ကဗျာ၊ လင်္ကာအရေးအသားဖြစ် ရေးသားထားသည်ကို တွေ့ရှိရသည်။ စကားပြေနဲ့ ရေးသားထားသော ကျမ်း၊ ပေအရေးအသားမျိုး တစောင်တဖွဲ့မှ မတွေ့ရသေးသည်မှာ ထူးခြားချက်ပင် ဖြစ်သည်။ ရှေးကျတဲ့ ကရင်စာပေအရေးအသားကို လေ့လာကြည့်လျှင်လည်း မွန်ဝေါဟာရအတော်များများသုံးနှုန်း ထားသည်တွေ့ရှိရသည်။ နောက်ပိုင်းပေစာများတွင် ကြိုကြားကြိုကြား မြန်မာဝေါဟာရများထည့် သွင်းအသုံးပြုလာသည်ကို တွေ့ရသည်။ သဘောမှာ ရှေ့က မွန်ခေတ် မွန်စာ တွင်ကျယ်တဲ့ အချိန်တွင် မွန် ဝေါဟာရတွေကိုယူပြီး သုံးသလောက်သုံးကြသည်။ မြန်မာစာဂုဏ် မြင့်မားလာတဲ့အခါတွင် မြန်မာဝေါဟာရတွေကို သုံးလာတယ်ဆိုတဲ့သဘောမျိုးပင်ဖြစ်သည် ပါဠိဝေါဟာရတွေ ပါဠိပျက်တွေ သက္ကဋဝေါဟာရတွေကိုလဲ သူ့နေရာနဲ့သူ အသုံးပြုထားသည်။ ကရင်စာပေတွင် ဗျည်း (၃၆)လုံးနဲ့ သရ (၁၄)လုံးရှိရာတွင် ဗျည်း က-ခ-ဂ-ဃ-င အစရှိသော ယနေ့သုံးစွဲနေကြသော မြန်မာဗျည်း (၃၃)လုံးအပြင်၊ (ၜ။ ၯ။ ၰ) ဆိုသော ဗျည်သုံးလုံးပိုပါသည်။ သရတွင်လည်း ဗမာလက်ရှိ မြန်မာသင်ပုန်းကြီး သရထက်(၂)လုံးပိုပါသည်။ ဗျည်းနဲ့သရကို လေ့လာပြန်ရာတွင် ကရင်စာကိုရေးတဲ့အခါ မူလကရင်တို့ရဲ့အသံထွက်ကို တိကျမှန်ကန်စေဘို့ ဗျည်း (၃) လုံးနဲ့ သရ (၂) လုံးကို ထူးထူးခြားခြားထည့်သွင်းထားရတာဖြစ်တယ်ဆိုသည်ကို တွေ့ရသည်။ ဗျည်းကို (၃၆)လုံးအထိ၊ သရကို (၁၄) လုံးအထိ ယူငင်သုံးထားတာကို လိုအပ်တာထက် ပိုယူထားတယ်လို့မထင်မှတ်သင့်ပါ။ ရှေးကရေးသားထားခဲ့ ကြတဲ့ပေစာတွေမှာ အဲဒီ (၃၆)လုံးဗျည်းကိုပဲ သူ့နေရာနဲ့သူ၊ သူ့ဌာန်သူ့ကရိုဏ်းနဲ့သူအံကိုက်အောင် သုံးနိုင်ပြီး လိုအပ်တဲ့ အဓိပ္ပာယ်မျိုးကို သက်ရောက်နိုင်တဲ့ စကားလုံးပေါ်ထွက်လာနိုင်လို့ဖြစ်သည်။ တချို့ပေစာတွေထဲတွင် အက္ခရာနဲ့ ရေးသားဟန်၊ သုံးနှုံးတဲ့ ဝေါဟာရ၊ ရေးသားသောအကြောင်းအ ရာတွေသည် မွန်ပေစာ၊ မြန်မာပေစာတွေနှင့် ယှဉ်ကြည့်လျှင် ရှေးကရင်စာပေရဲ့ အရေးအသားဟာ မွန်ပေ၊ ဗမာပေ နည်းတူ တခေတ်နှင့်တခေတ် ရေးပုံသားပုံမတူကြသည်ကိုလည်း တွေ့ရှိရသည်။[၃]

ပျံ့နှံ့မှု[ပြင်ဆင်ရန်]

ဒေသိယစကားများ[ပြင်ဆင်ရန်]

  • ဘားအံ (အရှေ့ကုန်းတွင်းပိုးကရင်၊ မော်လမြိုင်)
  • ကော့ကရိတ် (Eastern Border Pwo Karen)
  • ထားဝယ် (တောင်ပိုင်းပိုးကရင်)


ကိုးကား[ပြင်ဆင်ရန်]

  1. အရှေ့ပိုး at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Pwo Eastern Karen"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. http://golden2009.blogspot.com/2008/09/blog-post_8069.html?m=1