သက္ကမဘာသာစကား
သက္ကမ | |
---|---|
Changmha, ဒိုင်းနက် | |
𑄌𑄋𑄴𑄟𑄳𑄦 𑄞𑄌𑄴 | |
![]() | |
ဒေသခံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ |
ဒေသ | စစ်တကောင်းတောင်တန်းဒေသ၊ မီဇိုရမ်ပြည်နယ်၊ အာရန်နာချယ်ဒေသပြည်နယ်၊ တြိပူရပြည်နယ် |
လူမျိုးစု | သက္ကမ၊ ဒိုင်းနက် |
ဒေသခံ ပြောဆိုသူများ | ၃၃၀၀၀၀ ဘင်္ဂလား (၂၀၀၇)[၂] မြန်မာနိုင်ငံ |
သက္ကမအက္ခရာ၊ ဘင်္ဂါလီအက္ခရာ[၃] | |
ဘာသာစကားကုဒ်များ | |
ISO 639-3 | ccp[၁] |
Glottolog | chak1266 [၄] |
IETF | ccp |
သက္ကမဘာသာစကား (/ˈtʃɑːkmə/; autonym: 𑄌𑄋𑄴𑄟𑄳𑄦 𑄞𑄌𑄴) သက္ကမလူမျိုး နှင့် ဒိုင်းနက်လူမျိုး များ ပြောဆိုသည့် အင်ဒို-အာရိယာန် ဘာသာစကား တစ်ခုဖြစ်သည်။ ၎င်းနှင့် အနီးစပ်သော ထင်ရှားသည့် ဘာသာစကားများမှာ အာသံဘာသာစကား၊ Hajong ဘာသာစကား၊ ဘင်္ဂါလီဘာသာစကား၊ စစ်တကောင်းဘာသာစကား၊ မဏိပူရ၏ Bishnupriya Manipuri ဘာသာစကား၊ Tanchangya ဘာသာစကား နှင့် Sylheti ဘာသာစကားတို့ ဖြစ်သည်။ သက္ကမဘာသာစကားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ စစ်တကောင်း ကုန်းမြင့်ဒေသတွင်နေထိုင်သည့် လူဦးရေ ၃၁၀ ၀၀၀ ခန့်ကလည်းကောင်း၊ အိန္ဒိယ နိုင်ငံ၊ အာသံနယ်နှင့် တြိပူရနယ်တွင် လူဦးရေ ၃၀၀၀၀၀ ခန့်ကလည်းကောင်း၊ မီဇိုရမ်နယ်တွင် လူဦးရေ ၄၀၀၀၀ ကျော်ခန့်ကလည်းကောင်း ပြောဆိုသုံးစွဲကြသည်။ သက္ကမဘာသာစကားကို ရေးသားရန်အတွက် သက္ကမအက္ခရာ ကို အသုံးပြုသည်။ သို့သော် သက္ကမဘာသာစကားဖြင့် ရေးသားထားသော စာပေများမှာ နည်းပါးသည်။
သက္ကမလူမျိုးများ အဓိကနေထိုင်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးတွင် သက္ကမဘာသာစကားကို တရားဝင် ရုံးသုံးဘာသာစကားအဖြစ် ပြဋ္ဌာန်းထားခြင်း မရှိပါ။
၂၀၁၁ ခုနှစ်အထိ သက္ကမဘာသာစကားဖြင့် ထုတ်လွှင့်သော ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များ မရှိပါ။ သို့သော် အင်တာနက် လူမှုမီဒီယာများနှင့် YouTube တို့တွင် အသုံးပြုမှုများ ရှိသည်။
မှတ်စု
[ပြင်ဆင်ရန်]- ↑ Error: Unable to display the reference properly. See the documentation for details.
- ↑ [၁] သက္ကမ at Ethnologue (18th ed., 2015)
- ↑ Chakma။ Ethnologue။ 12 March 2018 တွင် ပြန်စစ်ပြီး။
- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Chakma"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်] Wikimedia Commons ရှိ Chakma language နှင့်ပတ်သက်သော မီဒီယာများ
- Ethnologue report
- Unicode Font for the language 15 January 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Chakma Script 15 January 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Chakma Bangla Blog 2 May 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Chakma Prototype Keyboard
- Chakma Unicode Converter
- Available Chakma Unicode Font
- Chakma alphabet, pronunciation and language။ Omniglot။ 2 September 2012 တွင် ပြန်စစ်ပြီး။
- Nawaz၊ Ali (2012)။ "Tribal Languages"။ in Islam၊ Sirajul; Jamal၊ Ahmed A. (eds.)။ Banglapedia: National Encyclopedia of Bangladesh (Second ed.)။ Asiatic Society of Bangladesh။
- "Honour for writers"၊ The Telegraph – Calcutta (Kolkata)၊ 7 January 2009။ 2 September 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 16 January 2009။
တမ်းပလိတ်:ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဘာသာစကားများ တမ်းပလိတ်:အိန္ဒိယနိုင်ငံ၏ ဘာသာစကားများ