လင်ပန်းမိဖုရား
လင်ပန်းတိုက်စားမိဖုရားသည် စစ်ကိုင်းမင်း (ဝါ) ဘကြီးတော် လက်ထက်က ကနောင်-မြန်အောင် နှစ်မြို့ဝန် ဦးသာဖြူ (မူကွဲ ဦးမင်းယုန်)နှင့် ဒုတိယဝန်ကတော် သခင်ကြီး ၏ သမီးဖြစ်သည်။ သက်ပန်းမိဖုရား၏ အစ်မရင်း ဖြစ်သည်။ ဦးသာဖြူ၏ ပထမဝန်ကတော် သခင်ကြီး(မူကွဲ ဒေါ်မင်းလှ) မှမွေးသော မြောက်နန်းမိဖုရား ခင်သဲ၏ အမိကွဲညီမလည်းဖြစ်သည်။[၁] တစ်ဖန် ဦးသာဖြူဆုံးသောအခါ ဒုတိယ ဝန်ကတော်သခင်ကြီးမှာ ပုဂံမင်းလက်ထက်က ကျောက်ပန်းတောင်းမင်းကြီး ဦးရွှေကြည်နှင့် နောက်အိမ်ထောင်ပြုရာ သရစိမ်းမိဖုရား၊ မောင်လေးငယ်နှင့် မောင်သူတော်တို့ကို မွေးဖွားသောကြောင့် သရစိမ်းမိဖုရား၏ အဖကွဲအစ်မလည်းဖြစ်သည်။
၁၆ နှစ်အရွယ်တွင် မင်းတုန်းမင်းနှင့်စုံဖက်သည်။ ဘွဲ့တော်မှာ သီရိသုစန္ဒာဒေဝီ ဖြစ်သည်။
သားတော်၊ သမီးတော်များ
[ပြင်ဆင်ရန်]သားတော်၊ သမီးတော်တို့မှာ သုသီရိမြတ်စွာ ရတနာဒေဝီဘွဲ့ခံ စလင်းမြို့စား စုဖုရား (တပင်တိုင်စံ)၊ သီရိမဟာ ဓမ္မရာဇာဘွဲ့ခံ ကျပင်းမြို့စား မင်းသား၊ သီရိ သုဓမ္မရာဇာဘွဲ့ခံ ရနောင်မြို့စား မင်းသားတို့ဖြစ်သည်။[၂] စုစုပေါင်း သား ၄ ဦး၊သမီး ၁ ဦး မွေးဖွားခဲ့သော်လည်း ဒုတိယနှင့် တတိယသားတော်တို့မှာ အဖတ်မတင်ခဲ့ပေ။ "သားကျပင်း၊သမီးစလင်း"ဟုဆိုရလောက်အောင်ပင် လင်ပန်းမိဖုရားမှဖွားသော သားတော် ကျပင်းမင်းသားနှင့် သမီးတော် စလင်းစုဖုရားတို့မှာ ခမည်းတော် မင်းတုန်းမင်းတရားကြီး၏ အချစ်ဆုံးသားနှင့်သမီးပင် ဖြစ်သည်။[၃]
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]မြန်မာသက္ကရာဇ် ၁၂၅၅ တွင် ကွယ်လွန်ခဲ့ရာ ငါးထပ်ကြီးဘုရား ဝင်္ကပါတောင်ကုန်းပေါ်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Geary၊ Grattan (1886)။ Burma, After the Conquest: Viewed in Its Political, Social, and Commercial Aspects, from Mandalay (အင်္ဂလိပ်ဘာသာစကားဖြင့်)။ S. Low, Marston, Searle, & Rivington။
- ↑ White၊ Herbert Thirkell (2011)။ Burma (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cambridge University Press။ ISBN 978-1-107-60067-6။
- ↑ Cocks၊ Samuel William (1919)။ A Short History of Burma (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Macmillan and Company, limited။
- ↑ မောင်သန်းဆွေ(ထားဝယ်) (၂ အောက်တိုဘာ ၂၀၁၃)။ ငါးထပ်ကြီးဘုရားအနီးမှ ဆွေတော်မျိုးတော်များ သင်္ချိုင်းရှင်းတမ်း။ ပဲ့တင်သံဂျာနယ်။[လင့်ခ်သေ]