မဲနယ် စက်ရုံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မြန်မာပြည်တွင် မဲနယ် စက်ရုံ တည်ထောင်၍ စနစ်တကျ ချက်လုပ် ခြင်းကို သက္ကရာဇ် ၁၂၂၂ ခု (ခရစ် ၁၈၆၀) နှစ်ခန့်က မန္တလေးမြို့ တွင် စတင် လုပ်ဆောင် ခဲ့သည်ဟု ခန့်မှန်း ရသည်။

ထိုစဉ်က ရတနာပုံ နပြေည်တော်တွင် မဲနယ်ချက် ရုံပေါင်း ငါးရုံ ရှိခဲ့သည်။ ပထမဆုံး မဲနယ် ရုံကို နပြေည်တော်ဟောင်း ဖြစ်သည့် အမရမူရ၌ တည်ဆောက်သည်။ ပေ ၂၀ စတုရန်း အုတ်ကန်ပေါင်း ခြောက်ကန် ပါရှိသည့် ယင်း အမရပူရ မဲနယ်ချက် စက်ရုံကို ဂ(လ်)စတင်မနွတ်နှင့် အိန္ဒိယပြည် မဲနယ် စက်ရုံတွင် လုပ်ကိုင် ဖူးသူ အမေရိကန် အမျိုးသား အချို့ တို့က ကြီးကြပ် လုပ်ဆောင်သည်။ ကာလကတ္တား မြို့မှ ဘင်္ဂါးလီ အလုပ်သမား တို့ကိုလည်း ခေါ်ယူ အမှုထမ်း စေသည်။ ထို့နောက် မဲနယ် လုပ်ငန်းကို တိုးချဲ့၍ မန္ဈလေး အထက် ငါးမိုင်ကွာ သရက်ကန်တွင် မဲနယ် ချက်ရုံ တခု၊ မန္ဈလေးတောင် အနီးတွင် တခု၊ စစ်ကိုင်းမြို့ အနောက်ဘက် ၁၂ မိုင်ခန့် အကွာတွင် တခု၊ နန်းမြို့တွင်း ဘုရင်မင်းမြတ် ဥယျာဉ်တော်၌ စက်ရုံငယ် တခု၊ ပေါင်း မဲနယ် ချက်ရုံ လေးခု ထပ်မံ တည်ဆောက် လုပ်ဆောင် သည်ဟု ဆိုသည်။ ယင်းသို့ တိုးချဲ့ ဖွင့်လှစ်သည့် မဲနယ် ရုံများ အနက် စစ်ကိုင်း အနောက်ဘက် ၁၂ မိုင်ခန့် အကွာတွင် တည်ဆောက်သည် ဆိုသော စက်ရုံတွင် အုတ်ကန်ပေါင်း ၁၀၊ သရက်ကန် စက်ရုံတွင် ငါးကန်၊ မန္ဈလေးတောင် အနီး စက်ရုံတွင် သုံးကန် အသီးသီး ရှိသည်။

မဲနယ် လုပ်ငန်းကို ဦးစီး လုပ်ဆောင် နိုင်ရန် ရည်သန်၍ အိမ်ရှေ့စံ ကနောင်မင်း ရှိစဉ် ကပင် ဘင်္ဂလားသို့ ပညာသင်များ စေလွှတ် ခဲ့သည်။ ယင်းသို့ ဘင်္ဂလား၌ မဲနယ်ချက် ပညာ များကို သင်ကြား ဆည်းပူး စေသူ လူငယ် များသည် ၁၈၆၈ ခုနှစ် အကုန်တွင် နပြေည်တော်သို့ ပြန်လည် ရောက်ရှိ လာကြသည်။ ပညာတော်သင် မောင်ရွှမြေူး ဆိုသူလည်း မဲနယ် ချက်လုပ်နည်း ပညာကို ပြင်သစ်ပြည်မှ အစ အဆုံးတိုင် တတ်မြောက်လျက် ၁၈၆၈ ခုနှစ်က နပြေည်တော်သို့ ပြန်လည် ဆိုက်ရောက် ခဲ့သည်။ ရတနာပုံ မဲနယ်ချက် စက်ရုံ များတွင် အစ ပထမ၌ နိုင်ငံခြားသား အတတ် ပညာရှင်များ၊ လုပ်သား များကို ခေါ်ယူ ကြီးကြပ် လုပ်ဆောင် စေခဲ့ သော်လည်း နောက်ပိုင်း တွင်မူ မဲနယ် စိုက်ပျိုးခြင်း၊ ချက်လုပ်ခြင်း များကို မြန်မာ ပညာသည် များပင် ဦးစီး ကွပ်ကဲ လုပ်ဆောင် ခဲ့ကြောင်း တွေ့ရသည်။

၁၈၇၂ ခု ဇူလိုင် လတွင် ဗြိတိသျှ မြန်မာ နိုင်ငံ မဟာ ဝန်ရှင်တော် မင်းကြီးသည် ရတနာပုံ မဲနယ် လုပ်ငန်းကို အသေးစိတ် အစီရင် ခံရမည်ဟု နပြေည်တော်ရှိ ဗြိတိသျှ အစိုးရ ကိုယ်စားလှယ်သို့ ဆင့်ဆို ခဲ့သည်။ ယင်း ဆင့်ဆိုချက် အရ ဗြိတိသျှ အစိုးရ ကိုယ်စားလှယ်သည် ရတနာပုံ မဲနယ် စက်ရုံ များ၏ လုပ်ရည် လုပ်အားနှင့် တကွ မဲနယ် ချက်လုပ်နည်း လုပ်ပုံ တို့ကို ၁၈၇၂ ခု ဇူလိုင်လ ၁၆ ရက် နေ့စွဲဖြင့် အစီရင်ခံစာ တင်သွင်း ခဲ့သည်။ ယင်း အစီရင်ခံစာ အရ ဖော်ပြ ရသော် ရတနာပုံ မဲနယ်ချက် လုပ်သည့် လုပ်ငန်းမှာ အကြမ်း အားဖြင့် အောက်ပါ အတိုင်း ဖြစ်သည်။

မဲနယ် ချက်ရုံ များကို အုတ် အင်္ဂေတ ကန်များမှာ မဲနယ် ပင်များကို ရေစိမ်ရန် အတွက် ဖြစ်သည်။ မဲနယ် ပင်များကို အပွင့်အခက် အရွက်အမြစ်ပါ အစုံ ယင်းကန် များတွင် ရမြှေုပ်အောင် ဖိ၍ ရက် အတန်ကြာ စိမ်ထား ရသည်။ ထိုသို့ စိမ်ထား ရာ၌ ထုံး အနည်းငယ် ထည့်ရသည်။ ရေစိမ် ဝ၍ မဲနယ်ပင်များ ပုပ်ပွ ဆွေးမြည့် လာသော အခါ ဝါး၊ သို့မဟုတ် သစ်သား ယောက်မ များနှင့် ကြေမွအောင် မွှေရသည်။ ထို့နောက် အနည် ထိုင်အောင် ထား၍ အပေါ် ရကြေည် များကို ခပ်ထုတ် ပစ်လိုက်သော အခါ မဲနယ်ရည် ပျစ်ချွဲချွဲ တို့သာ ကန်ထဲ၌ ကျန်ခဲ့ တော့သည်။ ယင်းတို့ကို တဖန် အခြား အင်္ဂေတ ကန်တခု ထဲသို့ ဖောက်ချ စုပေါင်း၍ ပုံးများနှင့် ခပ်ယူ ပြီးလျှင် မဲနယ် ချက်ရန် အိုးကြီးများ ထဲသို့ လောင်းထည့် ရသည်။ ထို မဲနယ် အိုးကြီး များကို မီးပြင်း ထိုး၍ မဲနယ်ရည် ပျစ်ထန်း လာသည်ထိ ချက်ပြီးသော် အဝတ်ကြမ်း များနှင့် ရေစင်အောင် စစ်ရသည်။ ရေစစ် ပြီးသော အနှစ် တို့ကို ဘောင်ခတ် ထားသော သစ်သား သေတ္တာကြီး များတွင် ထည့်၍ ခဲသွားအောင် ကျောက်ဖိ ထားရသည်။ ထို့နောက် သင့်တော်ရုံ အတုံးငယ်များ ခွဲ၍ နေလှန်း ပြီးသော အခါ တွင်မူ မဲနယ်မှာ အသုံးပြုရန် အသင့်ပင် ဖြစ်တော့သည်။

မဲနယ်ကို နပြေည်တော်နှင့် အနီး ဝန်းကျင်ရှိ အသည် တို့က စိုက်ပျိုး ရသည်။ မိမိတို့ စိုက်ခင်း၏ သုံးပုံ တပုံကို မဲနယ်ခင်း အဖြစ် သတ်မှတ် လုပ်ဆောင် စေသည်။ မဲနယ် စက်ရုံနှင့် နီးစပ်ရာ နယ်မြေ များမှာမူ မဲနယ် စိုက်ပျိုး နိုင်သော မြေ အမျိုးအစား ဖြစ်ပါက မဲနယ်ကို အဓိက ထား၍ စိုက်ပျိုး ကြရသည်။ မဲနယ် စိုက်ပျိုး ကြသော အသည် တို့သည် ကျန် သုံးပုံ နှစ်ပုံသော လုပ်ခင်း အတွက် အခွန်တော် လွတ်ငြိမ်းသည်။ မဲနယ် မျိုးစေ့ကို ဘုရင် မင်းမြတ်က ဘင်္ဂလားမှ နှစ်စဉ် မှာထား ရယူ၍ အသည် တို့ကို ဝေငှ ထုတ်ပေး သဖြင့် ခွန်နက်ကို ဘုရင့် ကျီသို့ ပေးသွင်း ကြရသည်။ မဲနယ်ပင်ကို မိုးလများ အလွန်တွင် အခြား ကောက်ပဲ သီးနှံများ စိုက်ပျိုး သကဲ့သို့ လယ်မြေကို ထွန်ယက်၍ ပျိုးကြဲ ရသည်။ လေးလခန့် အတွင်း မဲနယ် ပင်များ နှစ်ပေခွဲခန့် ကြီးမြင့် လာကြ သည်တွင် ရိတ်သိမ်း၍ ကောက်လှိုင်းများ ကဲ့သို့ စည်းနှောင်လျက် နီးရာ မဲနယ် စက်ရုံသို့ လှည်းနှင့် တင်ဆောင် ပေးပို့ ကြရသည်။

ရတနာပုံခေတ် မဲနယ် လုပ်ငန်းမှာ အစ ပထမ၌ အတော်ပင် တွင်ကျယ် ခဲ့ဟန် တူပါသည်။ မြန်မာပြည်တွင် စိုက်ပျိုးရေး လုပ်သော မဲနယ်သည် ဘင်္ဂလားထွက် မဲနယ်၏ စံချိန်ကို မမီဟု ဆိုသည်။ သို့သော် ရတနာပုံ နပြေည်တော်ထွက် မဲနယ်ကို တရုတ် ကုန်သည် တို့က ရှမ်းပြည်နှင့် တရုတ် ပြည်သို့ တင်ပို့ ရောင်းချ ကြသည်။ ရတနာပုံ မဲနယ် စက်ရုံ များမှ တနှစ်လျှင် မဲနယ် ပိဿါပေါင်း ၈၀၀၀ ခန့် ထုတ်လုပ် နိုင်သည်။ တပိဿါလျှင် ငွေ ၄၀၀ ကျပ် ဈေး ပေးရသည်။ မဲနယ်ကို မည်သူ မဆို စိုက်ပျိုး ချက်လုပ် ရောင်းချခွင့် ရှိသည်။ ဤမျှ တွင်ကျယ် အောင်မြင် ခဲ့သည့် မဲနယ် လုပ်ငန်းသည် ၁၈၇၃ ခုနှစ်တွင် ပျက်စီး တိမ်းပါးလျက် ရှိနေ ပပြေီဟု ဝမ်းနည်း ဖွယ်ရာ တွေ့ရသည်။ ကာနယ် ဘရောင်းနှင့် အဖွဲ့တို့ ၁၈၇၃ ခု ဇွန်လ ၄ ရက်နေ့ အမရပူရရှိ မဲနယ် စက်ကို သွားရောက် ကြည့်ရှု ကြစဉ်က အကျိုး မဖြစ်ထွန်းဟု ဆက်လက် လုပ်ဆောင်ခြင်း မပြုဘဲ လုပ်ငန်းကို ရပ်ဆိုင်း ထားသဖြင့် မဲနယ်ရုံမှာ ပျက်စီး ယိုယွင်းစပင် ပြုနေ ပပြေီဟု ဆိုသည်။ သီပေါမင်း လက်ထက် မဲနယ် စက်ရုံများ အခြေအနေ မည်ကဲ့သို့ ရှိနေ သည်ကို ဖော်ညွှန်းသည့် အထောက်အထားများ မတွေ့ ရသေး ဖြစ်ပါသည်။ [၁] [၂]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မဲနယ်စက်ရုံ။ ၁၆ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဖေဖေါ်ဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။
  2. မကြန် (၂၀၀၄ အောက်တိုဘာ). ကုန်းဘောင်၏ နောက်ဆုံး အားမာန်, ပထမ အကြိမ်. မြန်မာ့ရတနာ စာပေ။