မဇ္ဈိမနိကာယ်
| ပိဋကတ် သုံးပုံ |
|---|
| ဝိနယပိဋက |
| သုတ္တန်ပိဋကတ် |
| အဘိဓမ္မာပိဋကတ် |
မဇ္ဈိမ ဆိုသည်မှာ အလယ်အလတ်ဟု အဓိပ္ပာယ်ရသည်။ မဇ္ဈိမနိကာယ်သည် "ဒီဃနိကာယ်ကဲ့သို့လည်း မကျယ်လွန်း မရှည်လွန်း၊ ခုဒ္ဓကနိကာယ်ကဲ့သို့လည်း မကျဉ်းလွန်း မတိုလွန်း" မတိုမရှည်၊အလယ်အလတ် ဒေသနာများ သုတ္တန်များကို စုစည်းထားခြင်းဖြစ်သည်။ (မဇ္ဈိမ = အလယ်အလတ် + နိကာယ = အစု) မဇ္ဈိမနိကာယ၌ ဒေသနာငါးဆယ်လျှင် တစ်ကျမ်းပြုကာ သုံးကျမ်းခွဲခြားထားပြီး စုစုပေါင်း ဒေသနာ (၁၅၂) ရှိ၏။ မဇ္ဈိမနိကာယတွင် ဗုဒ္ဓမြတ်စွာနှင့် ခေတ်ပြိုင် ပေါ်ပေါက်ခဲ့သော အယူဝါဒအမျိုးမျိုးတို့ကို ဗုဒ္ဓအဆုံးအမနှင့် ကွဲပြားခြားနားပုံ၊ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို အဆင့်အဆင့် လေ့ကျင့်မှသာလျှင်ရနိုင်ပုံ၊ ရတနာသုံးပါးဂုဏ်ကို ညှိုးနွမ်းအောင် ကြံဆောင်နေသာ သစ္စကပရိဗိုဇ်ကို ဗုဒ္ဓမြတ်စွာ အောင်မြင်ပုံစသည်တို့ ပါဝင်သည်။[၁]
ထိုမဇ္ဈိမနိကာယ၌ပါရှိသော ဒေသနာများကို ငါးဆယ်လျှင် တစ်ကျမ်းပြုကာ သုံးကျမ်းခွဲထားပြန်လေသည်။ ၎င်းတို့မှာ-
- မူလပဏ္ဏာသ (ရှေးဦးအစဖြစ်သည့် ဒေသနာ (ဝါ) သုတ်ငါးဆယ်ပါသောကျမ်း)
- မဇ္ဈိမပဏ္ဏာသ (အလယ်ဖြစ်သည့် ဒေသနာ (ဝါ) သုတ်ငါးဆယ်ပါသောကျမ်း)
- ဥပရိပဏ္ဏာသ (နောက်ဆုံးဖြစ်သည့် ဒေသနာ (ဝါ) ၅၂-သုတ်ပါသောကျမ်း)တို့ ဖြစ်ကြလေသည်။
၎င်းတို့ကို ပဏ္ဏာသသုံးကျမ်းဟုလည်း ခေါ်ဝေါ်ကြသည်။ (ပဏ္ဏာသ= ပညာသ = ငါးဆယ်)[၂]
မူလပဏ္ဏာသပါဠိတော်
[ပြင်ဆင်ရန်]မူလပရိယာယဝဂ်
[ပြင်ဆင်ရန်]သီဟနာဒဝဂ်
[ပြင်ဆင်ရန်]ဩပမ္မဝဂ်
[ပြင်ဆင်ရန်]မဟာယမကဝဂ်
[ပြင်ဆင်ရန်]စူဠယမကဝဂ်
[ပြင်ဆင်ရန်]မဇ္ဈိမပဏ္ဏာသပါဠိတော်
[ပြင်ဆင်ရန်]ဂဟပတိဝဂ်
[ပြင်ဆင်ရန်]ဘိက္ခုဝဂ်
[ပြင်ဆင်ရန်]ပရိဗ္ဗာဇကဝဂ်
[ပြင်ဆင်ရန်]ရာဇဝဂ်
[ပြင်ဆင်ရန်]ဗြဟ္မဏဝဂ်
[ပြင်ဆင်ရန်]ဥပရိပဏ္ဏာသပါဠိတော်
[ပြင်ဆင်ရန်]ဒေဝဒဟဝဂ်
[ပြင်ဆင်ရန်]အနုပဒဝဂ်
[ပြင်ဆင်ရန်]သုညတဝဂ်
[ပြင်ဆင်ရန်]ဝိဘင်္ဂဝဂ်
[ပြင်ဆင်ရန်]သဠာယတနဝဂ်
[ပြင်ဆင်ရန်]- အနာထပိဏ္ဍိကောဝါဒသုတ်
- ဆန္နောဝါဒသုတ်
- ပုဏ္ဏောဝါဒသုတ်
- နန္ဒကောဝါဒသုတ်
- စူဠရာဟုလောဝါဒသုတ်
- ဆဆက္ကသုတ်
- မဟာသဠာယတနိကသုတ်
- နဂရဝိန္ဒေယျသုတ်
- ပိဏ္ဍပါတပါရိသုဒ္ဓိသုတ်
- ဣန္ဒြိယဘာဝနာသုတ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990) ကိုးကား အမှား - Invalid parameter "ဒေါက်တာတင်ဆွေ" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန) ကိုးကား အမှား - Invalid parameter "ကျမ်းဦးမှတ်ဖွယ်များ" in
<ref>tag. The supported parameters are: dir, follow, group, name.