မူလပရိယာယသုတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဤသုတ်သည် ဗုဒ္ဓသာသနာ တခုလုံး၏ သဗ္ဗဓမ္မပရိယာယ (အဓိကမဏ္ဍိုင်ကြီး) ဟု ဆိုရပေမည်။ ဤသုတ်တွင် ဘုရားမြတ်စွာသည် မိမိနှင့်တခေတ်တည်း ပေါ် ပေါက်သော အဘိဓမ္မာအမျိုးမျိုးတို့ကို ဝေဖန်ချက်နှင့် ရှင်းလင်းဖော်ပြခဲ့ ရုံမျှမက၊ ထိုခေတ်ပြိုင်အဘိဓမ္မာတို့သည် ဗုဒ္ဓဘာသာဝါဒနှင့် မည်သို့ မည်ပုံ ကွဲပြားခြားနားကြောင်းကိုလည်း ထုတ်ဖော်နှိုင်းခိုင်းခဲ့သည်။ ဤသုတ်သည် အဓိကအားဖြင့် အတ္တဝါဒနှင့် သက်ဆိုင်သည်။ နိဗ္ဗာန်နှင့် ပတ်သက်သည်ကိုလည်း အနည်းငယ် ဖော်ပြထားပသည်။ ဘုရားမြတ်စွာ၏ အရိယာသာဝကများသည် ပဇာပတိ၊ ဗြဟ္မာ၊ အာဘဿရနတ်များ၊ သုဘကိဏှာနတ်များ၊ ဝေဟပ္ဖလ၊ အဘိဘူ၊ အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန စသော ပုဂ္ဂိုလ်များကို တွေ့ရှိသိရှိရကြောင်းကိုလည်း ဤသုတ်မှပင် လေ့လာရပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။