ဗဟုဓာတုကသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် ဘယ, ဥပဒ္ဒဝ, ဥပသဂ္ဂအားလုံးတို့သည် ဗာလကြောင့်ဖြစ်ပေါ်လာပုံ၊ ပဏ္ဍိတကြောင့်မဖြစ်ပုံကို ရှင်းလင်း ဟောကြားတော်မူပြီး “ဝီမံသက, ပဏ္ဍိတ” ဖြစ်အောင် ပြုကျင့်ရမည်ဟု ဘုရားရှင် မိန့်ကြားတော်မူပါသည်။ အရှင်အာနန္ဒာ၏ မေးလျှောက်ချက်အရ ဓာတုကုသလ, အာယတနကုသလ, ပဋိစ္စသမုပ္ပါဒကုသလ, ဌာနာဌာနကုသလဖြစ်သူသည် “ပဏ္ဍိတ, ဝီမံသက” ဖြစ်သည်ဟု မိန့်တော်မူပါသည်။ ဓာတုကုသလဖြစ်သူသည် အဋ္ဌာရသဓာတုကုသလ, ပထဝီ, အာပေါ, တေဇော, ဝါယော, အာကာသ, ဝိညာဏ-ဟူသော ဓာတ် ၆-ပါး၊ သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, အဝိဇ္ဇာ-ဟူသော ဓာတ် ၆-ပါး၊ ကာမ, နေက္ခမ္မ, ဗျာပါဒ, အဗျာပါဒ, ဝိဟိံသာ, အဝိဟိံသာ-ဟူသော ဓာတ် ၆-ပါး၊ ကာမ, ရူပ, အရူပ-ဟူသော ဓာတ်သုံးပါး၊ သင်္ခတ, အသင်္ခတ-ဟူသော ဓာတ် ၂-ပါးတို့၌ သိမြင်သောပုဂ္ဂိုလ်သည် “ဓာတုကုသလ ဖြစ်ပုံ။

အဇ္ဈတ္တိကာယတန ၆-ပါး, ဗဟိဒ္ဓါယတန ၆-ပါးတို့ကို သိမြင်သောပုဂ္ဂိုလ်သည် “အာယတနကုသလ” ဖြစ်ပုံ၊ အနုလောမ, ပဋိလောမပဋိစ္စသမုပ္ပါဒကို သိမြင် သောပုဂ္ဂိုလ်သည် “ပဋိစ္စသမုပ္ပါဒကုသလ” ဖြစ်ပုံ။

သောတာပန် အရိယာသာဝကသည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စ, သုခအားဖြင့်လည်းကောင်း၊ တစ်စုံတစ်ခုသောဓမ္မကို အတ္တအားဖြင့်လည်းကောင်း မရှုမမြင်ပုံ၊ ပုထုဇဉ်များသာ ရှုမြင်ကြပုံ အာနန္ဒရိယကံငါးပါးကို မကျူးလွန်ပုံ ပုထုဇဉ် များသာ ကျူးလွန်ကြပုံ၊ ဘုရားရှင်မှတစ်ပါးသော ပုဂ္ဂိုလ်ကို မိမိဆရာဟု မညွှန်ပြပုံ။

လောကဓာတ်တစ်ခုတည်း၌ သဗ္ဗညုဘုရားရှင်တို့ တပြိုင်နက်တည်း မပွင့်ပုံ၊ စကြာမင်းနှစ်ပါး မပေါ်ပေါက်နိုင်ပုံ၊ အမျိုးသမီးများ ဘုရားရှင်, စကြာမင်း, သိကြားမင်း, ဗြဟ္မာမင်း, မာရ်နတ်မင်း-တို့ မဖြစ်နိုင်ကြပုံ။

ဒုစရိုက်နှင့် သုစရိုက်တို့ကို ပြောဆို ပြုလုပ် ကြံစည်နေသောသူတို့ အကျိုး ခံစားပုံ ခြားနားချက်-ဟူသော “ဌာနာဌာနကုသလပုဂ္ဂိုလ်ဖြစ်ပုံတို့ကို အကျယ်တဝင့် ရှင်းလင်း ဟောကြားတော်မူပါသည်။

ဤသုတ်တော်ကို “ဗဟုဓာတုကသုတ်တော် စတုပရိဝဋ္ဋသုတ်တော်” “ဓမ္မာဒါသသုတ်တော်” “အမတဒုန္ဒုဘိသုတ်တော်ဟု ဆောင်မှတ်နိုင်ပုံကို အရှင်အာနန္ဒာထေရ်အား ဘုရားရှင် ဟောကြားတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များနှင့် မှတ်သားဖွယ်ဗဟုဿုတ များစွာကို ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၁၀၆-၁၁၂။ မ၊မြန်၊၃၊၁၁၀-၆။ မ၊ဋ္ဌ၊၄-၇၀-၈၉။ မ၊ဋီ၊၃၊၂၈၈-၃၀၃။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၂-အနုပဒဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ