အဂ္ဂိဝစ္ဆသုတ်

ဝီကီပီးဒီးယား မှ

ဤသုတ်ကို ဘုရားရှင်သည် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဝစ္ဆဂေါတ္တပရိဗိုဇ်အား ဟောကြားတော်မူသည်။

ဝစ္ဆဂေါတ္တပရိဗိုဇ်က ဘုရားရှင်အား မိစ္ဆာဝါဒ မေးခွန်းဆယ်ခုကို မေးလျှောက်သည်။ ဘုရားရှင်ကငြင်းပယ်တော်မူသည်။ မိစ္ဆာအယူများ၏ အပြစ် (၁၁) မျိုးကို မြင်တော်မူ၍ မိစ္ဆာဝါဒများကို မယူကြောင်း၊ “အယူ” ဟူသော ဝေါဟာရကို ပယ်ထားကြောင်း၊ ခန္ဓာငါးပါး၏ဖြစ်ကြောင်းနှင့် ချုပ်ရာကိုသိမြင်၍ လွတ်မြောက်ပြီးသူဖြစ်ကြောင်း၊ လွတ်မြောက်ပြီးသောစိတ်ရှိသူ၏ ပဋိသန္ဓေနေမှုနှင့် ပတ်သက်၍ ဘာသာခြားများ မတုနိုင်ကြကြောင်း ရှင်းလင်းဟောကြားတော်မူပြီး ဝစ္ဆဂေါတ္တက နားမလည်ကြောင်း လျှောက်ထားရာ မီးပုံကြီးဥပမာဖြင့် ရှင်းလင်းဟောကြား၍ ခန္ဓာငါးရပ် လက်စပြတ်တော်မူပုံကို ဟောကြားတော်မူသည်။

ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် အင်ကြင်းပင်၏ အနှစ်ဥပမာဖြင့် ဘုရားရှင် စကားတော်သည် အကာကင်းပ၍ အနှစ်သာရအတိရှိပုံကို လျှောက်ထားပြီး ဥပါသကာ အဖြစ် ခံယူသွားပုံကို ဟောတော်မူသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၁၅၀-၆။ မ၊မြန်၊၂၊၁၅၉-၁၆၆။ မ၊ဋ္ဌ၊၃၊၁၃၇-၇။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၃-ပရိဗ္ဗာဇကဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ