ဒီဃနခသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော်အနီး ဂိဇ္ဈကုဋ်တောင် သူကရခတ လိုဏ်ဂူ၌ သီတင်းသုံးတော်မူစဉ် အရှင်သာရိပုတ္တရာ၏တူ ဒီဃနခပရိဗိုဇ် ရောက်ရှိလာပြီး ဘုရားရှင်အား မိမိ၏အယူဝါဒကို လျှောက်ထားပါသည်။ ဘုရားရှင်က အယူဝါဒနှင့် ဆက်စပ်၍ဖြစ်တတ်သော သဘာဝများကို အသေးစိတ် မိန့်ကြားတော်မူပြီး ရူပကာယ၏ဖြစ်ပုံသဘာဝ ရူပကာယကို အခြင်းအရာ(၁၁)ပါးဖြင့် ရှုမှတ်နည်း၊ ယင်းသို့ ရူမှတ်သော ယောဂီပုဂ္ဂိုလ်သည် ရူပကာယ၌ ကာယဆန္ဒ, ကာယသ္နေဟ, ကာယနွယတာတို့ကိုပယ်နိုင်ပုံ, ဝေဒနာသုံးပါးတို့၌ ရှုမှတ်ပွားများပုံ, သုတဝန္တ အရိယာသာဝက၏ နိဗ္ဗိန္ဒဉာဏ်ဖြစ်ပုံမှအစပြုပြီး ရဟန္တာဖြစ်သွားသည်အထိ မိန့်ကြားတော်မူပါသည်။ (ဝိမုတ္တ) လွတ်မြောက်ပြီးသောပုဂ္ဂိုလ်၏ သဘာဝတို့ကို ဟောကြားတော်မူပါသည်။

ဝေဒနာပရိဂ္ဂဟသုတ္တန်၏အဆုံး၌ အရှင်သာရိပုတ္တရာ အာသဝေါကင်းကွာ ရဟ္မန္တာဖြစ်ပုံ, ဒီဃနခပရဗိုဇ် သောတာပန်အရိယာ သာဝကဖြစ်ပုံ, ဥပါသကာအဖြစ် ခံယူပုံတို့ကို ပြဆိုထားပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ သူကရခတ လိုဏ်ဂူဖြစ်ပေါ်လာပုံ, ဒီဃနခပရိဗိုဇ် အရှင်သာရိပုတ္တရာထံ လိုက်လာရင်း ဘုရားရှင်နှင့်တွေ့ပုံ ဒီဃနခပရိဗိုဇ်၏ အယူဝါဒ၊ အယူဝါဒနှင့်ဆက်စပ်၍ ဘုရားရှင်နှင့် ဒီဃနခပရိဗိုဇ်တို့ အပြန်အလှန် ဆွေးနွေး ချက်များ၊ သဿတဒိဋ္ဌိရှိသူနှင့် ဥစ္ဆေဒဒိဋ္ဌိရှိသူတို့၏ သဘာဝနှင့်ခြားနားချက် မှတ်သားဖွယ် ဥပမာများ၊ အရှင်သာရိပုတ္တရာ၏ သာဝကပါရမီဉာဏ် အထွတ်အထိပ်ရောက်ပုံ ဝေဠုဝန်ကျောင်းတော်၌ အင်္ဂါလေးပါးရှိသော သာဝကသန္နိပါတဖြစ်ပုံ၊ အစရှိသည်တို့ကို ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၁၆၅-၉။ မ၊မြန်၊၂၊ ၁၇၅-၉။ မ၊ဋ္ဌ၊၃၊၁၄၁-၆။ မ၊ဋီ၊၃၊၉၇-၁၀၂။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၃-ပရိဗ္ဗာဇကဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ