ဆဆက္ကသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဇ္ဈတ္တိကာယတန(၆)ပါး၊ ဗဟိဒ္ဓါယတန(၆)ပါး၊ ဝိညာဏကာယ (၆)ပါး၊ ဖဿကာယ (၆)ပါး၊ ဝေဒနာကာယ (၆)ပါး၊ တဏှာကာယ (၆)ပါးဟူသော ဆဆက္ကတရားတို့၏သရုပ်(အမျိုးအစား)များ ဆဆက္ကတရားတို့ ဖြစ်နေပုံ၊ အနတ္တ ဖြစ်ပုံ၊ ဆဆက္ကတရားတို့၌ တဏှာ, မာန, ဒိဋ္ဌိဖြစ်ခြင်းဟူသော သက္ကာယသမုဒယ ဂါမိနီပဋိပဒါဖြစ်ပုံ သက္ကာယနိရောဓဂါမိနီပဋိပဒါဖြစ်အောင် ရှုမှတ်ပုံ အနုသယသုံးပါး မဖြစ်အောင် သိမြင်ပုံ၊ နိဗ္ဗိဒါဉာဏ်၊ ဝိရာဂဉာဏ်၊ အရဟတ္တမဂ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်တို့ဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

ဤသုတ်တော်၏အဆုံး၌ ရဟန်းတော်(၆)ကျိပ် ရဟန္တာဖြစ်ပုံကို ပြဆို ထားပါသည်။

အဋ္ဌကထာ၌ ဤသုတ္တန်နှင့်ဆက်စပ်၍ မှတ်သားဖွယ်များ၊ သစ္စာ(၄)ပါး၊ ဝဋ္ဋကထာ၊ ဝိဝဋ္ဋကထာများ ခွဲခြားပုံ၊ ဤသုတ္တန်ကို ဟောတော်မူရာဌာနများ၌ ရဟန္တာ(၆)ကျိပ်စီ ရဟန္တာဖြစ်ပုံနှင့် ဌာနများ တိပိဋကစူဠနာဂထေရ် ဟောတော်မူရာ၌ ရဟန်းတော်(၁၀၀၀)နှင့် လူပရိသတ်၊ နတ်ပရိသတ်တို့ ကျွတ်တမ်းဝင်ကြပုံတို့ကို ပြဆိုထားပါသည်။

ဋီကာ၌လည်း သိမှတ်ဖွယ်ရာများကိုဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၃၂၇-၃၃၅။ မ၊မြန်၊၃၊၃၃၂-၉။ မ၊ဋ္ဌ၊၄၊၂၄၅-၇။ မ၊ဋီ၊၃၊၄၃၀-၃။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၅-သဠာယတနဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ