ကဏ္ဍကတ္ထလသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ဥရုညမြို့ ကဏ္ဏကတ္ထလ မိဂဒါယ၌ သီတင်းသုံးတော်မူနေစဉ် (၁) “ကောသလဘုရင် ရောက်ရှိလာပြီး -သဗ္ဗညုဖြစ်သော သမဏ, ဗြာဟ္မဏ မရှိ၊ သဗ္ဗညု-ဟု ဝန်ခံနိုင်သော အကြောင်းမရှိ” သဗ္ဗညုတဉာဏ်တော်နှင့် ဆက်စပ်၍ မိမိကြားထားသောစကားကို ဘုရားရှင်ကိုယ်တော် မိန့်ကြားတော်မူခြင်း ဟုတ်/မဟုတ်၊ (၂) အမျိုးလေးပါးတို့ ထူးခြားမှု ရှိ/မရှိ၊ (၃) ပဓာနိယင်္ဂတရားငါးပါးနှင့် ပြည့်စုံသူတို့ အချင်းချင်းထူးခြားမှု ရှိ/မရှိ၊ (၄) မဂ်, ဖိုလ်ချင်း ခြားနားမှု ရှိ/မရှိ၊ (၅) နတ်၊ (၆)ဗြဟ္မာတို့ ရှိ/မရှိ၊ (၇) ယင်းနတ်ဗြဟ္မာတို့ ဤလူ့ပြည်၌ ပဋိသန္ဓေနေမှု ရှိ/မရှိ -ပြဿနာတို့ကို မေးလျှောက်ပါသည်။ ဘုရားရှင်သည် ကောသလဘုရင်အား ဆုံးမပြီး ယဉ်ကျေးပြီးသော ဆင် မြင်း, နွား၊ မဆုံးမရသေး, မယဉ်ကျေးသော ဆင်, မြင်း, နွား ဥပမာ၊ ကျွန်းသား, အင်ကြင်းသား, သရက်သား, ရေသဖန်းသား, ထင်းခြောက်မီး ဥပမာတို့ဖြင့် ရှင်းလင်းဟောကြားတော်မူပါသည်။ ဝိဋဋူဘစစ်သူကြီး၏ ဤလူ့ပြည်သို့ ပဋိသန္ဓေလာနေသောနတ်တို့က ဤလူ့ပြည်သို့ ပဋိသန္ဓေလာ၍မနေသောနတ်တို့ကို နေရာမှ ရွေ့စေနိုင်မှု, နှင်ထုတ်နိုင်မှု ရှိ/မရှိကို မေးလျှောက်ရာ အရှင်အာနန္ဒာမထေရ် ဥပမာစကားဖြင့် ရှင်းလင်းမိန့်ကြား တော်မူပုံ၊ ကောသလဘုရင်က အရှင်အာနန္ဒာမထေရ်အား ချီးမွမ်းစကားလျှောက်ထားပြီး ဘုရားရှင်၏ ဖြေဆိုချက်အားလုံးကို နှစ်သက် သဘောကျပါကြောင်း လျှောက်ထားသည့်သုတ်။

အဋ္ဌကထာ၌-ကောသလမင်း၏ လျှောက်ထားချက်၌ ကဲ့ရဲ့ခြင်းမှ ကင်းလွတ်စေရန် မေးတော်မူပုံ၊ ပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်အဆင့်ဆင့် ပဓာနဝေမတ္တ ဖြစ်ပုံ၊ အဿဒ္ဓ-ပုဂ္ဂိုလ် ၄-မျိုး၊ ဩပမ္မသံသန္ဒန၊ မင်း၏ အစွမ်းသတ္တိများ-အစရှိသော မှတ်သားဖွယ်များကို လေ့လာနိုင်ပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၃၂၇-၃၃၃။ မ၊မြန်၊၂၊၃၃၁-၇။ မ၊ဋ္ဌ၊၃၊၂၄၅-၈။ ( မ၊ဋီ၊၃၊၁၆၃-၅။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသက၊ ၄-ရာဇဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ