ဝတ္ထသုတ်

ဝီကီပီးဒီးယား မှ

ဝတ္ထသုတ်၊ အဝတ်-အထည် ပုဆိုးကို ဥပမာပြ၍ ဟောကြားတော်မူသောသုတ်။

ဝတ္ထုသုတ်သည် ဘုရားရှင်ကိုယ်တိုင် ဟောကြားတော်မူသော ဝတ္ထသုတ် [၁]

အရှင်သာရိပုတ္တရာမထေရ် ဟောကြားတော်မူသော ဝတ္ထသုတ် ([၂]ဟု ၂-သုတ်ရှိသည်၊

၂-သုတ်စလုံးပင် အဝတ်အထည်, ပုဆိုးကို ဥပမာပြ၍ ဟောကြားတော်မူသော သုတ်ကြီးဖြစ်သည် [၃][၄]

ဝတ္ထသုတ်သည် ဘာရဒွါဇပုဏ္ဏားကို အကြောင်းပြု၍ ပေါ်ပေါက်လာရသည်။ ဘာရဒွါဇသည် ဘုရားမြတ်စွာကို ဗာဟုကာမြစ်သို့ ကြွတော်မူမည်လောဟု မေးလျှောက်၏။ ဘုရားမြတ်စွာက ဗာဟုကာမြစ်သို့ အဘယ်အကြောင်းကြောင့် ကြွရမည်ကို ပြန်၍မေးမြန်းရာ ဘာရဒွါဇက ဗာဟုကာမြစ်သည် အပြစ်များကိုသန့်စင်စေနိုင်သည့် တန်ခိုးအာနိသင် ရှိကြောင်း ပြန်၍လျှောက်လေသည်။ ထိုအခါ ဘုရားမြတ်စွာက ကိလေသာ အညစ်တရား ကင်းစင်ရန် မြစ်သို့သွားရန်မလို။ ကိုယ်တိုင်လေ့ကျင့်ရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သောသုတ် ဖြစ်သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. (မ၊၁၊၄၃-၈)
  2. သံ၊၃၊၆၄-၅)
  3. မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသပါဠိ၊ ၁-ဝဂ်-၇-သုတ်။ မ၊၁၊၄၃။ သံယုတ္တနိကာယ မဟာဝဂ္ဂသံယုတ္တပါဠိ-သံယုတ်၊ ၄-သုတ်၊ သံ၊၃၊၆၄။ မ၊ဋ္ဌ၊၁၊၁၇၀။ သံ၊ဋ္ဌ၊၃၊၁၈၂။ မ၊ဋီ၊၁၊၂၆၈။ သံ၊ဋီ၊၂၊၄၂၁။
  4. တိပိဋကအဘိဓာန် အတွဲ-၂၁
  5. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။