စူဠကမ္မဝိဘင်္ဂသုတ်

ဝီကီပီးဒီးယား မှ

(၎င်းသုတ်ကို သုဘသုတ်ဟုလည်း ခေါ်သည်။)

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “လူ့လောက၌ ထင်ရှားဖြစ်နေသော “ဟီန ပဏီတဖြစ်ခြင်း၏ အကြောင်း ၁၄-မျိုး သုဘလုလင်က မေးလျှောက်သဖြင့် ဘုရားရှင်ကိုယ်တော်တိုင် အကျယ် ဝေဘန် ရှင်းလင်း၍ ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ တောဒေယျပုဏ္ဏားသည် ကောသလဘုရင်၏ ပုရောဟိတ် ဖြစ်ပုံနှင့် တောဒေယျပုဏ္ဏားအကြောင်း၊ ဤသုတ်ဖြစ်ပေါ်လာပုံနှင့် ကံအကျိုးပေးပုံတို့ကို ဖွင့်ပြတော်မူထားပါသည်။ [၁] [၂]

အသက်တိုခြင်း/ ရှည်ခြင်း အကြောင်း[ပြင်ဆင်ရန်]

၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာ တို။

မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို။

ရောဂါများခြင်း/နည်းခြင်း အကြောင်း[ပြင်ဆင်ရန်]

၂။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။

သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။

အဆင်းမလှခြင်း/လှခြင်း အကြောင်း[ပြင်ဆင်ရန်]

၃။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။

ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။

အခြွေရံနည်းခြင်း/များခြင်း အကြောင်း[ပြင်ဆင်ရန်]

၄။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။

ဣဿာမထား၊ ဝမ်းမြောက်ငြား၊ ပေါများခြွေရံကို။

ဥစ္စာပစ္စည်းများခြင်း/ရှားခြင်း အကြောင်း[ပြင်ဆင်ရန်]

၅။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခမ်းဥစ္စာဆို။

စွန့်ကြဲလေ့တုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။

အမျိုးအနွယ် ညံ့ခြင်း/ကောင်းခြင်း အကြောင်း[ပြင်ဆင်ရန်]

၆။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။

ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။

ဉာဏ်ပညာ ရှိခြင်း/မရှိခြင်း အကြောင်း[ပြင်ဆင်ရန်]

၇။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအပညာဆို။

ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၂၄၃-၉။ မ၊မြန်၊၃၊၂၄၆-၂၅၂။ မ၊ဋ္ဌ၊၄၊၁၇၅-၁၈၀။ မ၊ဋီ၊၃၊၃၁-၃၆။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၄-ဝိဘင်္ဂဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ