ဃဋိကာရသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံအတွင်း ဒေသစာရီခရီး ကြွချီတော်မူစဉ် အညတရ ပဒေသ၌ ရှေးကရှိခဲ့ဖူးသော ဝေဂလိင်္ဂနိဂုံး, ဃဋိကာရအိုးထိန်းသည်, ဇောတိပါလ လုလင်နှင့် ဃဋိကာရအိုးထိန်းသည်၏ ကဿပဘုရားရှင်၏ အဂ္ဂုပဋ္ဌာကဖြစ်ပုံ အကျယ်ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ဘုရားရှင်တို့၏ ပြုံးတော်မူပုံနှင့် ဆက်စပ်၍ သိမှတ်ဖွယ် အကျယ်၊ အရှင်အာနန္ဒာ၏ ဘုရားရှင် ခေတ္တသီတင်းသုံးတော်မူရန် လျှောက်ထားခြင်း ရည်ရွယ်ချက်၊ “မုဏ္ဍက” “သမဏက”“ဝေါဟာရ”၊ သောတ္ထိ သိနာနိအဖွင့်၊ ဃဋိကာရ၏ ဇောတိပါလလုလင်ထံသို့ ခေါ်သွားခြင်း၏ ရည်ရွယ်ချက်၊ ဇောတိပါလ ရဟန်းပြုပုံ၊ အဍ္ဎမာသုပသမ္ပန္နအဖွင့်၊ ပဏ္ဍုပုသကသာလိ-ပုဒ်အဖွင့်၊ သိက္ခာပုဒ်နှင့် ဘုရားရှင်၊ ကပ္ပဌိတိကဌာန၊ ဂုဏကထာလဒ္ဓလာဘ-စသည့် မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၂၃၆-၂၄၄။ မ၊မြန်၊၂၊၂၄၇-၂၅၅။ မ၊ဋ္ဌ၊၂၊၁၉၃-၉။ မ၊ဋီ၊၃၊၁၃၅-၉။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၄-ရာဇဝဂ္ဂ၊ ပထမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ