စူဠဂေါပါလကသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ဝဇ္ဇီနိုင်ငံ၊ ဥက္ကစေလမြို့ ဂင်္ဂါမြစ်ကမ်း၌ “ဤလောက, တမလွန်လောက, ဘုံသုံးပါး, လောကုတ္တရာတရားတို့၌ မလိမ္မာကုန်သော သမဏ, ဗြဟ္မဏ အချို့တို့၏စကားကို နာယူကြ, ယုံကြည်ကြသောသူတို့ စီးပွားမဲ့၊ ချမ်းသာ မဲ့ဖြစ်ကြပုံကို မလိမ္မာသော နွားကျောင်းသား၏ နွားများကို ဂင်္ဂါမြစ် တစ်ဘက်ကမ်း ဝိဒေဟတိုင်းဘက်သို့ ကူးသွား၍ ပျက်စီးပုံဥပမာဖြင့်လည်းကောင်း၊ ဆိုအပ်ပြီးသော တရားတို့၌ ကျွမ်းကျင်လိမ္မာတော်မူသော မိမိ၏စကားကို နာယူကြ ယုံကြည်ကြသော အရိယာပုဂ္ဂိုလ်တို့ကို ခန္ဓမာရ်၏ရေအယဉ်ကို ကျော်ဖြတ်၍ နိဗ္ဗာန်ဘက်ကမ်းသို့ ရောက်သွားကြပုံတို့ကို အကျယ်ဝေဖန်၍ ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဥက္ကစေလမြို့အကြောင်း၊ ဤသုတ်တော်ကို ဟောတော်မူသည့်အကြောင်း၊ မဂဓနိုင်ငံနှင့် ဝိဒေဟနိုင်ငံတို့တည်ရှိနေပုံ၊ ပညာမဲ့ နွားကျောင်း သား၏ မဆင်မခြင်ပြုလုပ်မှုကြောင့် နွားများ သေကြေပျက်စီးကြပုံ၊ မြစ်ကိုကူးရာ၌ နွားကျောင်းသား၏ ကြိုတင်သိသင့်သောအချက်များနှင့် အကုသလပုဒ်အဖွင့် အစ ရှိသော ဖွင့်ဆိုချက်တို့ကို လေ့လာနိုင်ပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၁၊၂၈၆-၉။ မ၊မြန်၊၁၊၂၉၄-၇။ မ၊ဋ္ဌ၊၂၊၁၆၇-၉။ မ၊ဋီ၊၂၊၁၉၈-၂၀၀။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၄-မဟာယမကဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ