ဓနဉ္ဇာနိသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အရှင်သာရိပုတ္တရာ မဂဓနိုင်ငံ ဒက္ခိဏဂီရိဇနပုဒ်၌ ဝါကပ်တော်မူစဉ် သီတင်းကျွတ်ပြီး၍ ရာဇဂြိုဟ်မှကြွလာသော အညတြရဟန်း၏ လျှောက်ထားချက်အရ ဓနဉ္စာနီပုဏ္ဏားမိသားစုနှင့် ဓနဉ္စာနီပုဏ္ဏား၏ အဓမ္မစရိယာ, ဝိသမစရိယာအကြောင်းကို ကြားသိတော်မူပုံ။ အရှင်သာရိပုတ္တရာက ဓနဉ္စာနီပုဏ္ဏားကြီးအား အဓမ္မစရိယာ, ဝိသမစရိယာ၏ အကြောင်း (၁၀)မျိုးကြောင့် ငရဲ၌ဖြစ်နိုင်ပုံ ယင်းအကြောင်းပါ ပုဂ္ဂိုလ်များက ငရဲမှလွတ်အောင် မဆောင်ရွက်နိုင်ပုံ ယင်းအကြောင်း (၁၀)မျိုးနှင့်ဆက်စပ်၍ အဓမ္မ စရိယာ ဝိသမစရိယာထက် ဓမ္မစာရီ၊ သမစာရီ၊ ဓမ္မိကကမ္မန္တ၊ အပါပကမ္မ၊ ပုညပဋိပဒါကို ပြုကျင့်သင့်ပုံ၊ ဓနဉ္စာနီပုဏ္ဏား၏ ဘဝနေဝင်ချိန် ဝေဒနာခံစားမှုနှင့် ဆက်စပ်၍ ဥပမာ(၃)မျိုး၊ ဓနဉ္စာနီပုဏ္ဏားအား ဗြဟ္မာပြည်ရောက်ကြောင်းလမ်းစဉ် ဟောတော်မူပုံ၊ မကြာမီစုတေ၍ ဗြဟ္မာပြည်၌ဖြစ်ကြောင်းကို ဘုရားရှင်ဟောတော်မူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ရာဇဂြိုဟ်မြို့တော် ဒက္ခိဏဂိရဇနပုဒ်၊ ဝိလုမ္ပ, ဉာတိ, သာလောဟိတ-အစရှိသော မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။


[၂] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သောတာပန် အရိယာသာဝိကာ ဓနဉ္စာနီပုဏ္ဏေးမ၏ “နမော တဿ” မဟာပဏာမဖြင့် ဘုရားရှင်အား ရှိခိုးမှုနှင့်ဆက်စပ်၍ မိစ္ဆာအယူရှိသော ဘာရဒွါဇ ပုဏ္ဏား၏ ဘုရားရှင်အား နှိပ်ကွပ်ရန် “ကိံသု ဆေတွာ”အစရှိသော ဂါထာဖြင့် ရွတ်ဆိုမေးမြန်းသည်ကို “ကောဓံ ဆေတွာ”အစရှိသော ဂါထာဖြင့် ဘုရားရှင်က ဖြေကြားတော်မူရာ ဘာရဒွါဇပုဏ္ဏားက သရဏဂုံတည်၍ ရဟန်းပြုလိုကြောင်း လျှောက်ထားပြီး ရဟန်းတရားအားထုတ်သဖြင့် မကြာမီ ရဟန္တာဖြစ်သည်ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဓနဉ္စာနီမျိုးနွယ် ဥဒါန်းမြွက်ဆိုသည့် ဗြာဟ္မဏ ဘတ္တပွဲ အရိယာသာဝိကာအကြောင်း၊ ဥဘတောကောဋိက ဂါထာဖွင့်ဆိုချက်၊ သံလျှက်နှစ်မျိုး-အစရှိသော မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ ဋီကာ၌ “နမော တဿ”သည် ပဉ္စပါကဂါထာဟု မိန့်ဆိုထားပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၃၉၅-၄၀၆။ မ၊မြန်၊၂၊၄၀၀-၄၁၁။ မ၊ဋ္ဌ၊၃၊၂၉၃-၄။ မ၊ဋီ၊၃၊၁၉၆-၇။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၅-ဗြာဟ္မဏဝဂ္ဂ၊ သတ္တမသုတ်။
  2. -သံ၊၁၊၁၆၂-၃။ သံ၊မြန်၊၁၊၁၅၃-၄။ သံ၊ဋ္ဌ၊၁၊၂၀၇-၉။ သံ၊ဋီ၊၁၊၂၅၄-၅။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၇-ဗြာဟ္မဏသံယုတ္တ၊ ၁-အရဟန္တဝဂ္ဂ၊ ပဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ