စင်္ကီသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ ဩပါသာဒဗြာဟ္မဏဂါမ နတ်တို့ကို ဗလိနတ်စာ ကြွေးရာ အင်ကြင်းတော၌ သီတင်းသုံးနေတော်မူစဉ် ဩပါသာဒဗြာဟ္မဏဂါမ၏ အကြီးအကဲဖြစ်သော စင်္ကီဗြာဟ္မဏအမှူးရှိသော ပရိသတ်တို့အလယ်၌ စင်္ကီဗြာဟ္မဏ၏ လျှောက်ထားချက်အရ အသက် (၁၆)နှစ်သာရှိသေးသော ဗြာဟ္မဏပညာတတ် ခေါင်းဆောင် “ကာပဋိကလုလင်၏ မေးလျှောက်ချက်အရ “ဗြာဟ္မဏဝါဒသည် သူကန်းအဆက်ဆက်နှင့်တူပုံ၊ ဗြာဟ္မဏတို့၏ ယုံကြည်ချက်သည် အခြေအမြစ်မရှိပုံ သဒ္ဓါ, ရုစိ, အနုဿဝ, အာကာရ ပရိဝိတက္က, ဒိဋ္ဌိနိဇာနန္တိ-တို့သည် အမှန်အမှား နှစ်မျိုးဖြစ်နိုင်ပုံ၊ သစ္စာကို စောင့်ရှောက်ခြင်း၊ သစ္စာကို ထိုးထွင်း၍သိခြင်း၊ ဖိုလ်ကို မျက်မှောက်ပြုခြင်း၊ ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားတို့ကို အကျယ်ဝေဖန်၍ ဖြေကြားတော်မူပါသည်။ ကာပဋိကလုလင်သည် အဖြေအားလုံးကို ကျေနပ်နှစ်သက်ပါကြောင်း၊ ရှေးက ဦးပြည်း, ကြွယ်ဝ, မည်းညစ် ကုန်, ဗြဟ္မာ၏ခြေဖမိုးမှ မွေးဖွားကုန်သော ရဟန်းယုတ်တို့သည် အဘယ်မှာလျှင် တရားသဘောကို သိကြကုန်အံ့နည်း-ဟု အထင်မှားကြပုံ၊ ယခုအခါ ရဟန်းတို့၌ ရဟန်းဟူသော ချစ်ခြင်း၊ ကြည်ညိုခြင်း၊ ရိုသေခြင်းကို လွန်စွာ ဖြစ်စေပါကုန်၏။ ယနေ့မှစ၍ မိမိကို ဥပါသကာဟု မှတ်တော်မူပါ”ဟု လျှောက်ထားသည့်သုတ်။

အဋ္ဌကထာ၌-စင်္ကီဗြာဟ္မဏ၏ ဇာတိဂုဏ်အဖွင့်များ၊ ဘုရားရှင်၏ ဇာတိဂုဏ်အဖွင့်များ၊ မိမိတို့နှင့် ဘုရားရှင်၏ ကွာခြားရာ၌ ဥပမာများ၊ ရွှေအိုးကြီး လေးလုံး၊ ဘုရားရှင်ကို တိုင်းတာမရနိုင်ပုံ၊ ရာဟုအသူရိန်အကြောင်း၊ အန္ဓဝေဏီအဖွင့် အစရှိသည်တို့ကို လေ့လာနိုင်ပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၃၇၅-၃၈၈။ မ၊မြန်၊၂၊၃၈၀-၃၉၃။ မ၊ဋ္ဌ၊၃၊၂၈၃-၂၉၁။ မ၊ဋီ၊၃၊၁၈၉-၁၉၅။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၅-ဗြာဟ္မဏဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ