စူဠအဿပူရသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် အင်္ဂနိုင်ငံ၊ အဿပုရနိဂုံး၌ သီတင်းသုံးတော်မူစဉ် “သမဏဟူသောအမည်, သမဏ-ဟု ဝန်ခံမှုတို့ မှန်ကန်အောင်၊ ပစ္စည်းလေးပါးအလှူရှင်များ အကျိုးများအောင်၊ မိမိတို့အကျိုးများအောင် “သမဏသာမီစိပ္ပဋိပဒါ”ကို ကျင့်သုံး ကြရမည်။ ကျင့်သုံးရမည့် သမဏသာမီစိပဋိပဒါကျင့်စဉ်များ၊ ဗာဟိရကသမဏများ၊ မတဇအာဝုဓဥပမာ၊ ပေါက္ခရဏီဥပမာ၊ အမျိုးလေးပါးမှ ရဟန်းပြုသူများနှင့် အာသဝက္ခယသမဏဖြစ်မှ ပရမတ္ထသမဏဖြစ်ပုံ”ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ သမဏသာမီစိပဋိပဒါ, သမဏမလ, သမဏ ဒေါသ, သမဏကသဋ-ပုဒ်အဖွင့်တို့နှင့်တကွ မတဇ-လက်နက်အကြောင်း ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၁၊၃၄၉-၃၅၃။ မ၊မြန်၊၁၊၃၆၀-၄။ မ၊ဋ္ဌ၊၂၊၂၂၅-၆။ မ၊ဋီ၊၂၊၂၄၀-၂။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၄-မဟာယမကဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ