ဗာကုလသုတ်

ဝီကီပီးဒီးယား မှ

အရှင်ဗာကုလထေရ် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် လူ့ဘဝက မိတ်ဆွေဖြစ်ခဲ့သော အစေလကဿပ၏ မေးလျှောက် ချက်အရ အရှင်ဗာကုလထေရ်က မိမိ၏ အစ္ဆရိယ အဗ္ဘုတဓမ္မ ၃၆-ပါးကို ဟောပြတော်မူရာ အစေလကဿပ ရဟန်းပြု၍ ရဟန်းတရားအားထုတ်ရာ မကြာခင် ရဟန္တာဖြစ်ပုံ ရဟန်းတော်များအလယ် ထိုင်နေလျက် အရှင်ဗာကုလထေရ် ပရိနိဗ္ဗာန် စံတော်မူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌-ဗာကုလထေရဝတ္ထု၊ နိဂြောဓထေရဝတ္ထုတို့နှင့်တကွ မှတ်သားဖွယ်များကိုလည်းကောင်း၊ ဋီကာ၌လည်း မှတ်သားဖွယ်တို့ကိုလည်းကောင်း ဤသုတ်ကို ဒုတိယသင်္ဂါယနာ၌ သင်္ဂါယနာတင် ထည့်သွင်းထားပုံကိုလည်းကောင်း ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၁၆၅-၉။ မ၊မြန်၊၃၊၁၇၁-၃။ မ၊ဋ္ဌ၊၄၊၁၃၅-၁၄၀။ မ၊ဋီ၊၃၊၃၄၃-၅။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၃-သုညတဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ