အာကင်္ခေယျသုတ်

ဝီကီပီးဒီးယား မှ

အာကင်္ခေယျသုတ်တွင် ဘုရားမြတ်စွာက ရဟန်းတို့အား သီလနှင့်ပါတိမောက်များကို လေးစားလုံခြုံစွာ စောင့်ထိန်းသင့်ကြောင်း နှိုးဆော်တိုက်တွန်းထားသည်။ သူတထူး၏စိတ်ကို သိလိုခြင်း၊ ကျော်စောလိုခြင်း၊ သတင်းပျံ့နှံ့လိုခြင်း စသည့် ဂုဏ်ပကာသနတို့ကို ရဟန်းတို့သည် တောင့်တလိုကောင်း တောင့်တမိကြပေလိမ့်မည်။ သို့သော် ဤသို့ စိတ်နှလုံးမပိုက်သင့်ချေ။ ကိုယ့်ကိုယ်ကို ချိုးနှိမ် ချုပ်တည်းကာ အကျင့်သိက္ခာတို့ကိုသာလျှင် သစ္စာရှိစွာ စောင့်ထိန်းသင့်ကြောင်း ဘုရားမြတ်စွာက ဤသုတ်ဖြင့် ညွှန်ကြားသတိပေးခဲ့သည်။[၁]


[၂] အထက်သုတ်လာ (၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၉၊ ၁၀)ဟူသော အကျိုး ၈-မျိုးနှင့် အာရုပ္ပသမာပတ်ကို ရရှိခြင်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာသာဝကတို့ ဖြစ်ရခြင်း၊ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ပရစိတ္တဝိဇာနန၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခုဟူသော အဘိညာဉ် ၅-ပါးကို ရရှိခြင်းဟူသော အကျိုး (၁၇)မျိုးတို့ကို သီလရှိသူများ ရရှိပြည့်စုံပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -သမ္ပန္နသုံးမျိုး၊ လယ်၏အပြစ် လေးမျိုး၊ သီလ၏အပြစ် လေးမျိုး၊ သီလပြည့်စုံခြင်း၏ အကြောင်းနှစ်မျိုး၊ ပါတိမောက္ခသံဝရသီလသာ မုချသီလဖြစ်ပုံ၊ ဝိသကဏ္ဋကဝါဏိဇ ဥပမာ၊ သိက္ခတ္တယဒေသနာဖြစ်ပုံ၊ သမထ, ဝိပဿနာတို့၏ သီလာနုရက္ခိတဖြစ်ပုံ၊ သီလရှိသောရဟန်းအား လှူဒါန်းရသော ဒါနအကျိုး၊ သီလရှိသောရဟန်း၏ မိဖများ ကောင်းရာသုဂတိရောက်နိုင်ပုံ၊ အရိယကောဋိယဝါသီ မဟာဒတ္တထေရ်ဝတ္ထု၊ သမာပတ် ၈-ပါးနှင့် အဘိညာဉ်များ ရလွယ်ပုံ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်များအကြောင်းတို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌ -ပါတိမောက္ခအဖွင့် ၆-မျိုးနှင့် အဋ္ဌကထာပါဌ်များ အဖွင့်တို့ကို အကျယ် ဖွင့်ပြချက်များပါရှိပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
  2. -မ၊၁၊၃၉-၄၃။ မ၊မြန်၊၁၊ ၄၃-၇။ မ၊ဋ္ဌ၊၁၊၁၅၈-၁၇၀။ မ၊ဋီ၊၁၊၂၅၅-၂၆၈။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၁-မူလပရိယာယဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ