စူဠမာလုကျပုတ္တသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “သဿတော လောကော”အစရှိသော မိစ္ဆာအယူ (၉)မျိုးနှင့် ဆက်စပ်၍ မာလုကျပုတ္တထေရ် လျှောက်ထားသည်ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

မာလျကျပုတ္တထေရ်သည် “သဿတော လောကော” အစရှိသော မိစ္ဆာအယူ (၉)မျိုးနှင့်ဆက်စပ်၍ မြတ်စွာဘုရား ပြတ်ပြတ်သားသား မိန့်ကြားတော်မမူ၊ ဘုရားရှင်က တိတိကျကျ မိန့်ကြားတော်မူလျှင် ဘုရားရှင်အထံတော်၌ ဗြဟ္မစရိယကို ကျင့်မည်၊ တိတိကျကျ မိန့်ကြားတော်မမူလျှင် လူထွက်တော့မည်ဟုကြံစည်ပြီး ဘုရားရှင်အား ထိုမိစ္ဆာအယူ (၉)ချက်နှင့် ပတ်သက်၍ ဘုရားရှင်မဖြေကြားသည်ကို မနှစ်သက်ကြောင်း၊ ယင်းတို့နှင့်ပတ်သက်၍ သိလျှင်သိကြောင်း၊ မသိလျှင် မသိကြောင်း ဖြေကြားခြင်းသည်သာလျှင် ဖြောင့်မတ်သူဖြစ်ကြောင်း လျှောက်ထားပါကြောင်း တိတိကျကျ ဖြေကြားတော်မူရန် လျှောက်ထားပါသည်။

ဘုရားရှင်က သင်နှင့်ငါဘုရားတို့ ဝန်ခံပြောကြားမှုမရှိခဲ့ပုံ၊ ယင်းမိစ္ဆာ အယူများကို မဖြေကြားခြင်းအကြောင်း၊ မြားစူးဝင်သော ယောက်ျားဥပမာဖြင့် မိန့်ကြားတော်မူပြီး ဤမိစ္ဆာအယူများသည် အတ္ထသံဟိတ, အာဒိဗြဟ္မစရိယကနိဗ္ဗိန္ဒ၊ ဝိရာဂနိရောဓ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယမဖြစ်၊ ထို့ကြောင့် ငါဘုရားဖြေကြားတော်မမူ၊ သစ္စာလေးပါးသည်သာ အတ္ထသံဟိတ၊ အာဒိဗြဟ္မစရိယက၊ နိဗ္ဗိန္ဒ၊ ဝိရာဂနိရောဓ၊ ဥပသမာယ အဘိညာယ၊ သမ္ဗောဓာယ၊ နိဗ္ဗာနာယ ဖြစ်၍ ဖြေကြားတော်မူပုံ မြတ်စွာဘုရား မဖြေကြားသည်ကို မဖြေကြားသည့်အတိုင်း၊ ဖြေကြားသည်ကို ဖြေကြားသည့်အတိုင်း ဆောင်မှတ်ရမည်ဟု ဟောတော်မူသည့်သုတ်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၈၉-၉၅။ မ၊မြန်၊၂၊၉၆-၁၀၂။ မ၊ဋ္ဌ၊၃၊၉၉-၁၀၀။ မ၊ဋီ၊၃၊၆၄-၆၆။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၂-ဘိက္ခုဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ