ဥဒ္ဒေသဝိဘင်္ဂသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “ရဟန်းတို့ ... ရဟန်းသည် အပ (ဗဟိဒ္ဓ)အာရုံတို့၌ ဝိညာဉ်သည် မပျံ့လွင့် မရွေ့ရှား၊ အတွင်း (အဇ္ဈတ္တ)အာရုံတို့၌ မတည်, မစွဲလမ်း မတပ်မက်သောအခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်ရမည်၊ ရဟန်းတို့ ... အပ (ဗဟိဒ္ဓ)အာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့် မရွေ့ရှား၊ အတွင်း (အဇ္ဈတ္တ)အာရုံ၌လည်း မတည်, မစွဲလမ်း, မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ ပဋိသန္ဓေနေခြင်း, အိုခြင်း, သေခြင်း, ဆင်းရဲအပေါင်းတို့၏ဖြစ်ခြင်း မရှိတော့ပြီ”ဟု အကျဉ်းချုပ်ဒေသနာတော်ကို မိန့်ကြားတော်မူပြီး နေရာမှထကာ ကျောင်းတော်သို့ ဝင်ကြွတော်မူပါသည်။ ရဟန်းတော်များသည် အရှင်မဟာကစ္စာနထေရ်၏ ဂုဏ်တော်များကို ဆင်ခြင် ပြောဆိုကြပြီး ထိုအကျဉ်းဥဒ္ဒသဒေသနာတော်၏ အကျယ်ဝိတ္တာရဒေသနာတော်ကို အရှင်မဟာကစ္စာနထေရ်အား မေးမြန်းလျှောက်ထားကြပါသည်၊ အရှင်မဟာကစ္စာနထေရ်သည် အနှစ်ကိုရှာသော ဥပမာစကားဖြင့် ဘုရားရှင်၏ဂုဏ်တော်များကို ချီးကျူးတော်မူပြီး ဘုရားရှင်ကိုသာ မေးမြန်းလျှောက်ထားကြရန် မိန့်ကြားပါသည်။ ရဟန်းတော်များ၏ တောင်းပန်လျှောက်ထားမှုကြောင့် -

-အပ (ဗဟိဒ္ဓ)အာရုံ၌ ဝိညာဏ်၏ ပျံ့လွင့် ရွေ့ရှားပုံနှင့် ရွေ့ရှားမှုမရှိပုံ၊

-အတွင်း (အဇ္ဈတ္တ)အာရုံ၌ နှစ်သက်ခြင်း၏အစွမ်းအားဖြင့် စိတ်တည်နေပုံနှင့် စိတ် မတည်နေပုံ၊

-နိစ္စ, ဓုဝ, အတ္တ, အတ္တနိယ-အားဖြင့် မယူမူ၍ တပ်မက်နှစ်သက်ပုံ၊

-နိစ္စ, ဓုဝ, အတ္တ, အတ္တနိယ-အားဖြင့် မယူမူ၍ တပ်မက်နှစ်သက်ခြင်း မဖြစ်ပုံတို့ကို အဇ္ဈတ္တာယတန၊ ဗဟိဒ္ဓါယတန, ဝိညာဏ, ရူပဈာန်လေးပါး, ခန္ဓာငါးပါးတို့ဖြင့် အကျယ်ဝေဖန်၍ ဟောတော်မူပုံ၊ ရဟန်းတော်များက အရှင်မဟာကစ္စာနထေရ်၏ အကျယ်ဒေသနာကို ဘုရားရှင်အား လျှောက်ထားကြရာ ဘုရားရှင်က အရှင်မဟာ ကစ္စာနထေရ်ကို ချီးကျူးတော်မူပြီး အရှင်မဟာကစ္စာနထေရ်၏ အကျယ်ဝေဖန်ဟောကြားတော်မူသည့် ဒေသနာတော်ကို အတည်ပြုတော်မူပုံ ဟောတော်မူသည့်သုတ်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၂၆၅-၂၇၃။ မ၊မြန်၊၃၊၂၆၈-၂၇၆။ မ၊ဋ္ဌ၊၄၊၁၉၀-၂။ မ၊ဋီ၊၃၊၃၈၈-၃၉၀။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၄-ဝိဘင်္ဂဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ