နိဝါပသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မာရ်နတ်ကို မုဆိုး, မာရ်နတ်၏ ပရိသတ်ကို မုဆိုး၏ ပရိသတ် ကာမဂုဏ် (၅)ပါးကို မြက်ခင်း, သားသမင်များကို သမဏဗြာဟ္မဏ-ဟု ဥပမာန, ဥပမေယျ အနေအားဖြင့် ဟောတော်မူပါသည်။ ပထမသမင်အုပ်စုဖြင့် သပုတ္တဘရိယ ပဗ္ဗဇ္ဇသမဏ, ဗြာဟ္မဏတို့ကို ဟောတော်မူပါသည်။ တဏှာဖြင့် တွေဝေခြင်း, မာနဖြင့် ယစ်မူးခြင်း, ပမာဒဖြင့် သတိလက်လွတ်ဖြစ်ခြင်းတို့ကို ဟောတော်မူပါသည်။

ဒုတိယသမင်အုပ်စုဖြင့် ဗြာဟ္မဏဓမ္မိက ပဗ္ဗဇ္ဇ သမဏ ဗြာဟ္မဏတို့ကို ဟောတော်မူပါသည်။ တတိယသမင်အုပ်စုဖြင့် မိစ္ဆာအယူရှိသော သမဏ ဗြာဟ္မဏတို့ကို ဟောတော်မူပါသည်။

စတုတ္ထသမင်အုပ်စုဖြင့် ဤသာသနာတော်ရှိ သမဏဗြာဟ္မဏတို့ကို ဟောတော်မူပါသည်။

သမာပတ်ကိုးပါး, အရဟတ္တဖိုလ်တို့ကို ရရှိအောင် အားထုတ်မှု ရရှိပေါက် မြောက်ခြင်းတို့ဖြင့် မာရ်နတ်မျက်စိဖြင့် မမြင်နိုင်ရာဒေသကို ဟောတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားသိမှတ်ဖွယ်တို့ကို ပြည့်ပြည့်စုံစုံ ဖွင့်ဆို ထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၁၊၂၀၅-၂၁၅။ မ၊မြန်၊၁၊၂၁၂-၂၂၂။ မ၊ဋ္ဌ၊၂၊၆၅-၉။ မ၊ဋီ၊၂၊၁၂၁-၄။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၃-ဩပမ္မဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ