စတုမသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် စာတုမရွာ ရှစ်ရှား(သျှစ်သျှား)တော၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်ကိုဖူးမြင်ရန်နှင့် တရားတော်ကိုနာကြားရန် ရောက်လာကြကုန်သော အဂ္ဂသာဝကနှစ်ပါးနှင့် တပည့်ရဟန်းသစ်ငါးရာတို့ သပိတ်သင်္ကန်း သိမ်းဆည်းခြင်း, တံခါးဖွင့်ခြင်း, ဖုံခါခြင်း, အချင်းချင်းနှုတ်ဆက်ခြင်းအစရှိသော ဆူဆူညံညံ အသံပြုခြင်းကို အကြောင်းပြု၍ အဂ္ဂသာဝကနှစ်ပါးနှင့်အတူ အာဂန္တုကရဟန်းတို့ကို ဘုရားရှင် နှင်ထုတ်မှုကို စာတုမရွာသား သကျများနှင့် သဟမ္ပတိဗြဟ္မာကြီးတို့၏ တရုဏဗီဇူပမာ နှင့် ဝစ္ဆကဥပမာတို့ဖြင့် ကြောင်းကျိုးဖော်ပြ တောင်းပန်လျှောက်ထားခြင်းကြောင့် ပြန်လည် လက်ခံတော်မူပြီး “ဤသာသနာတော်၌ သီတင်းသုံးဖော်တို့၏ ဆိုဆုံးမ ခြင်းကြောင့် အမျက်ထွက်ပြီး လူထွက်ခြင်း, “ဦမီဘယ (လှိုင်းတံပိုးဘေး)” စားရေး သောက်ရေးကို အကြောင်းပြု၍ လူထွက်ခြင်း “ကုမ္ဘီလဘယ (မိကျောင်းဘေး)၊ ငါးဖြာအာရုံ ကာမဂုဏ်ကို ခံစားလိုမှုကြောင့် လူထွက်ခြင်း “အာဝဋ္ဋဘယ (ဝဲကတော့ ဘေး)”၊ မာတုဂါမကို အကြောင်းပြု၍ လူထွက်ခြင်း “သုသုကာဘယ (ငါးမာရ်း ဘေး)”ဟူသော ဘေးလေးမျိုးကြောင့် ပျက်စီးတတ်ပုံကို ဘုရားရှင် ဟောတော်မူပါသည်။

အဋ္ဌကထာ၌-ဤဘေးလေးမျိုးကိုကြောက်၍ သာသနာတော်၌ ရဟန်းပြု သူ, ရဟန်းမပြုသူတို့ကို ရေထဲဆင်းသူနှင့် မဆင်းသူဥပမာတို့ဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးတို့ကို ခံစားရပုံနှင့် မခံစားနိုင်ပုံတို့ကို ဖွင့်ဆိုထားပါသည်။ ဤသုတ်ကို နေယျပုဂ္ဂိုလ်၏အစွမ်းအားဖြင့် ဟောတော်မူပုံကိုလည်း ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၁၁၉-၁၂၅။ မ၊မြန်၊၂၊၁၂၉-၁၃၅။ မ၊ဋ္ဌ၊၃၊၁၂၀-၄။ မ၊ဋီ၊၃၊၇၈-၈၀။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ဘိက္ခုဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ