တေဝိဇ္ဇဝစ္ဆသုတ်

ဝီကီပီးဒီးယား မှ

ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး ဧကပုဏ္ဍရိကပရိဗိုဇ်ကျောင်း၌ ဝစ္ဆဂေါတ္တ ပရိဗိုဇ်၏ မေးလျှောက်ချက်အရ မြတ်စွာဘုရာသည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်တို့ကို အလိုရှိသလို သိတော်မူနိုင်ခြင်း၊ မျက်မှောက်ဘဝ၌ပင် အာသဝက္ခယဉာဏ်ကို ရတော်မူခြင်းကြောင့် မြတ်စွာဘုရားကို “တေဝိဇ္ဇော သမဏော ဂေါတမော”ဟု ပြောဆိုခြင်းသည် မှန်ကန်စွာပြောဆိုရာရောက်ပုံ လူတို့၏ သံယောဇဉ်ကိုမစွန့်ဘဲ ဒုက္ခ၏ကုန်ဆုံးရာနိဗ္ဗာန်ကို မရောက်နိုင်ပုံ၊ လူတို့၏ သံယောဇဉ်ကိုမစွန့်ဘဲ နတ်ပြည်ရောက်သူများစွာရှိပုံ၊ အာဇီဝကသည် ဒုက္ခ၏ကုန်ဆုံးရာ နိဗ္ဗာန် ရောက်သူမရှိပုံ၊ (၉၁)ကမ္ဘာထက်က အာဇီဝကတစ်ဦးသာ နတ်ပြည်ရောက်ခဲ့ပုံ တိတ္ထာယတနသည် အယုတ်ဆုံးအားဖြင့် သဂ္ဂူပဂမှလည်း သုညဖြစ်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ လူအဝတ်ဖြင့်နေသော ရဟန္တာမရှိပုံ ဖွင့်ဆိုချက် ရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၁၄၈-၁၅၀။ မ၊မြန်၊၂၊၁၅၇-၉။ မ၊ဋ္ဌ၊၃၊၁၃၆-၇။ မ၊ဋီ၊၃၊၉၁-၂။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၃-ပရိဗ္ဗာဇကဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ