ဝိဘင်း
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
ဝိဘင်္ဂ (ဝိဘင်းကျမ်း) သည် ဓမ္မသင်္ဂဏီတွင် စုပေါင်းရေတွက်ခဲ့သည့် ပရမတ္ထတရားများကို ၁၈-ပိုင်းခွဲပြီး နည်း ၃-နည်းဖြင့် အကျယ်ဝေဖန် ဟောကြားသည့် ကျမ်းဖြစ်သည်။ ဝိဘင်္ဂ အကျယ်ဝေဖန်ဟောခြင်း ဖြစ်သည်။ နည်း ၃-နည်း မှာ ..
- တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တန္တဘာဇနီယနယ)
- အထက်တန်း တရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ)
- တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဉှာပုစ္ဆကနယ) …
တို့ဖြစ်သည်။
ဘာသာပြန်ခြင်းများ[ပြင်ဆင်ရန်]
အဘိဓမ္မာပိဋကတ်၏ ဒုတိယကျမ်းဖြစ်သော ဝဘင်္ဂ (သို့) ဝိဘင်းကျမ်းကို အင်္ဂလိပ်ဘာသာသို့ အရှင်သေဋ္ဌိလက The Book Of Analysis အမည်ဖြင့် ပထမဆုံး စတင်ပြန်ဆိုခဲ့သည်။ ထိုစာအုပ်တွင် စာမျက်နှာ (၅၆၀) ပါရှိပြီး (၁၈) ခန်းခွဲ၍ ရေးသားထားကာ လန်ဒန်ရှိ ပါဠိစာပေအသင်းက ၁၉၆၉ တွင် ပထမအကြိမ်အနေဖြင့် ထုတ်ဝေခဲ့သည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ tr U Thittila, 1969/1988, Pali Text Society[၁], Bristol
![]() | ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |