အောင်ဆန်းသူရိယဘွဲ့

ဝီကီပီးဒီးယား မှ
အောင်ဆန်းသူရိယဘွဲ့
လည်ဆွဲဖဲကြိုးပါ တံဆိပ် နမူနာပုံ
နိုင်ငံတော်သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားတပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၁၉၄၉
နိုင်ငံ မြန်မာ
ဖဲကြိုး
အရည်အချင်းပြည့်မီစာတွင်ရှု့
သတ်မှတ်ချက်စာတွင်ရှု့
အချက်အလက်များ
ရရှိသူ စုစုပေါင်း
Precedence
နောက်ထပ် (ပိုနိမ့်သော)သီဟသူရဘွဲ့

လည်ဆွဲဖဲကြိုးပါ တံဆိပ်(ကျောဖက်) နမူနာပုံ

အောင်ဆန်းသူရိယဘွဲ့မှာ မြန်မာ့တပ်မတော်တွင် ဂုဏ်သိက္ခာအားဖြင့် အမြင့်မားဆုံးသော ဆုတံဆိပ် ဖြစ်သည်။ တိုက်ပွဲအတွင်း မိမိတို့၏ အသက်ကို ပဓာနမထားပဲ နိုင်ငံတော် အကျိုးအတွက် ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား တိုက်ခိုက်သော စစ်သည်များကိုသာ ချီးမြှင့်လေ့ ရှိသည်။

ပြည့်စုံရမည့် အရည်အချင်းများ[ပြင်ဆင်ရန်]

အောက်ပါစွမ်းရည်သတ္တိအရည်အချင်းတစ်ရပ်ရပ်နှင့် ပြည်စုံသော တပ်အဖွဲ့အစည်းအလိုက်သော်လည်းကောင်း၊ တပ်မတော်သားတစ်ဦးချင်းအလိုက်သော်လည်းကောင်း အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှင့်အပ်နှင်းနိုင်သည်[၁] -

  1. လတ်တလောဖြစ်ပေါ်နေသော ကြီးမားသည့် စစ်ရေးအခက်အခဲ အကျဉ်းအကျပ်ကြောင့် အထူးနစ်နာထိခိုက်ဆုံးရှုံးရမည့် ထူးကဲသောအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရသော အခြေအနေမျိုးသို့ ဆိုက်ရောက်နေစဉ် တပ်အဖွဲ့အစည်း၏ စစ်ရေးအကျိုးငှာ မိမိအသက်ကို ပဓာနမထားဘဲစံတင်ထိုက် သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးတို့ဖြင့် တာဝန်ကို ရဲဝံ့စွန့်စားစွာ တစ်ဦးတည်း ဆောင်ရွက်ခြင်း၊
  2. ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်ရာ၌ မိမိအသက် ဘေးအန္တရာယ်ကို အလျဉ်းမငဲ့ကွက်ဘဲ မိမိထမ်းဆောင် ရမည့်တာဝန်ကိုခိုင်မြဲသောစိတ်ဓာတ်၊ မဆုတ်မနစ်သော ရဲစွမ်းသတ္တိတို့ဖြင့် ဂုဏ်ယူထိုက်သည့် ထူးကဲစွာ တာဝန်ထမ်းဆောင်မှုဖြစ်ခြင်း၊
  3. မိမိအသက် ဘေးရန်အန္တရာယ်နှင့်တကွ အခြားသောကျရောက်နိုင်သည့် ဘေးရန်အန္တရာယ်များကို လျစ်လျူရှု၍ နိုင်ငံတော်၏ စစ်ရေးအကျိုးငှာ ရဲဝံ့စွန့်စားစွာ သက်စွန့်ကြိုးပမ်း ချီးမွမ်းဂုဏ်ပြုထိုက်သည့် တာဝန်ထမ်းဆောင်မှုဖြစ်ခြင်း၊
  4. ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်စဉ်အတွင်း တပ်အဖွဲ့အစည်းအလိုက် ကြီးမားသောထိခိုက်ဆုံးရှုံးမှု အန္တရာယ်နှင့် တွေ့ကြုံရမည့် စစ်ရေးအခြေအနေမျိုးသို့ ဆိုက်ရောက်နေစဉ်တပ်အဖွဲ့အစည်းအလိုက် သက်ဆိုင်ရာ တပ်မတော်သားများက မိမိတို့၏ အသက်အန္တရာယ်ကို ဥပေက္ခာပြု၍ထူးကဲမြင့်မားသော စိတ်ဓာတ်တို့ဖြင့် ရဲဝံ့စွန့်စားတိုက်ခိုက်ကြခြင်း၊
  5. တပ်အဖွဲ့အစည်းအနေဖြင့် မိမိတို့၏ အသက်ဘေးအန္တရာယ်ကို လုံးဝမငဲ့ကွက်ဘဲ ပေးအပ်သည့် တာဝန်ကို ထူးကဲမြင့်မားသော ရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သောစိတ်ဓာတ်တို့ဖြင့် ချီးမွမ်းဂုဏ်ပြုထိုက်သည့် တာဝန်ထမ်းဆောင်မှုဖြစ်ခြင်း။

ချီးမြှင့်ခြင်းခံရသူများ[ပြင်ဆင်ရန်]

အောင်ဆန်းသူရိယဘွဲ့တံဆိပ် ဓာတ်ပုံ

ယနေ့အထိ အောင်ဆန်းသူရိယ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသော စစ်သည် ၆ ဦးသာ ရှိသေးသည်။ ၎င်းတို့မှာ -

  1. ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချို
  2. တပ်သား အောင်ဆန်းသူရိယ လှသောင်း
  3. အရပ်သား အောင်ဆန်းသူရိယ စောဘရီ
  4. တပ်သား အောင်ဆန်းသူရိယ စောမြင့်
  5. တပ်သား အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း
  6. ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်း

တို့ ဖြစ်သည်။ ထိုစစ်သည်များ အားလုံးထဲတွင် ဗိုလ်တိုက်ချွန်း တစ်ယောက်သာ အသက်ရှင်လျက် ဆုတံဆိပ်ကို လက်ခံရရှိခဲ့ပြီး ကျန်စစ်သည်များမှာ တိုက်ပွဲတွင်း အသက်စွန့် တိုက်ခိုက်ပြီးမှသာ ဆုတံဆိပ်ချီးမြှင့်ခံရခြင်း ဖြစ်သည်။

ယနေ့ခေတ်တွင် အောင်ဆန်းသူရိယဘွဲ့ ရရှိသူ ကျဆုံးစစ်သည်တော်တို့၏ အမည်စာရင်းများကို နောင်လာနောက်သားများ အမြဲအမှတ်ရနေစေရန် သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီပြည်ထောင်စုမြန်မာနိုင်ငံတော်ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇.၀၆.၂၀၂၂ တွင် ပြန်စစ်ပြီး။ “အခန်း(၇)၊ ဂုဏ်ထူးဆောင်ဘွဲ့များဆိုင်ရာ အရည်အချင်းများ”