ဝန်းသိုမြို့
ဝန်းသိုမြို့ | |
---|---|
ဝန်းသိုမြို့ တည်နေရာ | |
ကိုဩဒိနိတ်: 23°53′59″N 95°40′49″E / 23.89972°N 95.68028°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်းတိုင်းဒေသကြီး |
ခရိုင် | ကသာခရိုင် |
မြို့နယ် | ဝန်းသိုမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဝန်းသိုမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်သည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင်တည်ရှိပြီးမီးရထားရပ်နားရာ မြို့တစ်မြို့ဖြစ်သည်။ မီးရထားကောင်းများမရပ်နားသော်လည်း အမှတ်၅၅ ၅၆ ၅၇ ၅၈ မန္တလေး-မြစ်ကြီးနား မီးရထားများကိုသာအဓိကအားထားရသည်။ မော်တော်ကားဖြင်သွားမည်ဆိုပါက မန္တလေး- ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးမှ သွားလာနိုင်သည်။ မီးရထားဖြင့် သွားမည်ဆိုပါက ၈ နာရီခန့် ကြာမြင့်ပြီး မော်တော်ကားဖြင့် သွားမည်ဆိုပါက ၆နာရီခန့် အချိန်တိုအတွင်း ရောက်ရှိနိုင်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာသက္ကရာဇ် (၃၀၃)ခုနှစ်တွင် သင်တိုင်းတောင်နှင့် ဒေါင်းမြူးချောင်း ဆုံရာ ဖိုခနောက်နေရာတွင် ရှမ်းအခေါ် ကြိုင်းဆေးမြို့ကို တည်ထောင်ခဲ့သည်။ မြန်မာဘာသာဖြင့် ကျားခနောက်မြို့ဟု အမည်ခေါ်သည်။ မြို့အမည်ကို အဆင့်ဆင့် ပြောင်းလဲခဲ့ရာ ၃၀၃ ခုနှစ် သိုဟုန်ဘွားလက်ထက်တွင် "ကြိုင်းဆေး"၊ ၇၀၅ ခုနှစ် ဟော်မိုဟန်လက်ထက်တွင် "ကြိုင်းဆို"၊ ၇၅၀ ခုနှစ် ခွန်ဆိုင်လက်ထက်တွင် "မိန်းဆို"၊ ၈၀၀ ခုနှစ် စောခန်းကြည်လက်ထက်တွင် "ကြိုင်းကောင်း"၊ ၉၀၀ ခုနှစ် စောညီလက်ထက်တွင် "သင်းလဲစင်လဲ"၊ ၁၀၀၀ ခုနှစ် ငရသူလက်ထက်တွင် "ဗျဂ္ဃပူရ"၊ နှင့် ၁၁၂၅ ခုနှစ် စော်ဘွားငအောင်ညိုလက်ထက်တွင် "ဝန်းသို" ဟူ၍ ဖြစ်သည်။
ဝန်းသိုမြို့နယ်တွင် စော်ဘွား(၂၆၄)ဆက်၊ စစ်ကဲ(၃)ဆက်၊ စော်ဘွားကြီး(၄)ဆက်၊ မြို့သူကြီး(၈) ဆက်ရှိခဲ့ပြီး နောက်ဆုံး စော်ဘွားမှ စော်ဘွားကြီး ဦးအောင်မြတ် ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝန်းသိုမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- "Photograph of a street in Wuntho, 1891" Archived 23 February 2012 at the Wayback Machine. Royal Commonwealth Society Library
- "Wuntho Map — Satellite Images of Wuntho" Maplandia
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |