မြင်းသစ်မြင်းဝန်

ဝီကီပီးဒီးယား မှ

မြင်းသစ်မြင်းဝန်သည် မြင်းသစ်မြင်းတပ်စုအား ကြီးကြပ်ကွပ်ကဲရသူ ဖြစ်သည် ။ မြင်းသစ် မြင်းဝန်ရာထူးကို ရတနာပုံခေတ်တွင်မှ စတင်ခန့်အပ်ခဲ့ကြောင်း တွေ့ရှိရသည် ။

မြင်းသစ်မြင်းဝန် ဦးပုလေး[ပြင်ဆင်ရန်]

ရတနာပုံခေတ်တွင် မြင်းသစ်မြင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ဦးပုလေးဖြစ်သည်။ ဦးပုလေးသည် သံတော်ဆင့်ဒေးဝန်း အကောက်ဝန်အဖြစ် အမှုထမ်းနေရာမှ မင်းတုန်းမင်းလက်ထက် ၁၈၆၅ ခုနှစ်တွင် မြင်းသစ်မြင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရြခင်းဖြစ်သည်။ ဦးပုလေး၏ ဘွဲ့အမည်မှာ မင်းလှရာဇကျော်ထင်ဖြစ်၏။ ၁၃ ဇွန် ၁၈၇၃ တွင် မြင်းသစ်မြင်းဝန် ဦးပုလေးနှင့် သန္နိသို့ အတူလိုက်ပါခဲ့သူ ကသည်းမြင်းတပ်ဗိုလ်တို့အား မင်းတုန်းမင်းက ထီးတော်ပေးသနားခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် သီပေါမင်း နန်းတက်လာပြီနောက် ဦးပုလေးကိုပင် ကျီဝန်အရာနှင့်တွဲဖက်ကာ မြင်းသစ်မြင်းဝန်ရာထူး ခန့်အပ်လိုက်ပါသည်။ လစ်လပ်သွားသော မြင်းသစ်မြင်းဝန်နေရာကို ခန့်အပ်ဟန် မတူပေ။