နောက်တော်ပါမြင်းဝန်

ဝီကီပီးဒီးယား မှ

နောက်တော်ပါမြင်းဝန်[ပြင်ဆင်ရန်]

နောက်တော်ပါ မြင်းဝန်သည် မြင်းတပ်အစုသားများအနက် နောက်တော်ပါ မြင်းတပ်စုကို အုပ်ချုပ်ကွက်ကဲရသူ ဖြစ်သည်။ နောက်တော်ပါ မြင်းအစုသားများသည် ခါးနောက်ဘက်၌ မြင်းရုပ်တံခွန်စိုက်ပုံ သဏ္ဌာန်ကို စုတ်ဆေးဖြင့် ရေးထိုးထားကြရ၏။ နောက်တော်ပါ မြင်းဝန်၏ လက်အောက်တွင် နောက်တော်ပါ မြင်းစာရေးတစ်ဦးကိုလည်း ခန့်ထားပေးပြီး ၎င်းတို့နှစ်ဦးက နောက်တော်ပါ မြင်းတပ်စစ်သည်များကို ထိန်းသိမ်းကြီးကြပ်ရ၏။

ဦးပါရောက်[ပြင်ဆင်ရန်]

ကုန်း ဘောင်ခေတ်ဦး အစောပိုင်းကာလတွင် အမှုထမ်းရွက်ခဲ့ကြသည့် နောက်တော်ပါမြင်းဝန်များအနက် အမည်သိရှိရသူမှာ နောက်တော်ပါ မြင်းဝန် ဦးပါရောက်ဖြစ်သည်။ ဦးပါရောက်မှာ ဘိုးတော်ဘုရား (ဗဒုံမင်း)(၁၇၈၂-၁၈၁၉) လက်ထက် ခန့်အပ်ခံခဲ့ရသူ နောက်တော်ပါ မြင်းဝန်ဖြစ်၏။ သူသည် မြဝတီမင်းကြီး ဦးစနှင့် ညီရင်းအစ်ကိုကဲ့သို့ ခင်မင်ရင်းနှီးသူလည်း ဖြစ်သည်။ မြဝတီမင်းကြီးသည် စစ်ြေမြပင်သို့ ရောက်ရှိစဉ်အတွင်း ၂၃ ဧပြီ ၁၈၀၅ ခုနှစ်၌ ကသည်းမြို့ (မဏိပူရ)မှ နြေပည်တော်ရှိ နောက်တော်ပါ မြင်းဝန် ဦးပါရောက်ထံ 'တောင်နှင့်တောမှာလ'အစချီတမ်းချင်းကို ရေးသီဖွဲ့ဆိုပေးပို့ခဲ့၏။ တစ်ကြိမ်တွင် နောက်တော်ပါ မြင်းဝန် ဦးပါရောက်က မြဝတီမင်းကြီးဦးစအား ကိုယ်တော်ရေးသမျှ သီချင်းများ အဆီအနှစ်နှင့် ပြည့်စုံပါပေသည်။ ကိုယ်တော်ကို ရှိခိုးထိုက်လှပေသည်ဟု ချီးမွမ်းပြောဆိုရာ မြဝတီမင်းကြီးက 'နောက်တောပါ မြင်းနာဝန်ပြောက်၊ စောပါရောက်ညိ၊ ရန်တင်းငယ်ပြေ၊ နောင်ကြီး ဆွေစစ်မြေမှူးကို၊ ဖူးထိုက်စွာဘိ' ဟူ၍ ဒွေးချိုးတစ်ပုဒ်ဖြင့် ရေးစပ်မှတ်တမ်းတင်ခဲ့သည်။ နောက်တော်ပါမြင်းဝန် ဦးပါရောက်မှာ ၁၈၃၇ ခုနှစ် သာယာဝတီမင်း နန်းတက်စတွင် မြဝတီမင်းကြီးနှင့်အတူ အကျဉ်းချထားခံခဲ့ရ၏။

နောက်တော်ပါ မြင်းဝန် အပြောင်းအလဲ[ပြင်ဆင်ရန်]

၁၈၃၇ ခုနှစ်တွင် သာယာဝတီမင်း နန်းတက်လာသောအခါ မဟာမင်းလှ ကျော်ထင်ဘွဲ့ခံ ဦးတုတ်ကြီးကို နောက်တော်ပါ မြင်းဝန်အရာ ခန့်အပ်ခဲ့သည်။ ဦးတုတ်ကြီးမှာ ဝန်ထောက်အရာနှင့် ပူးတွဲတာဝန် ထမ်းဆောင်ရြခင်းဖြစ်သည်။ ၎င်းဦးတုတ်ကြီးမှာ နောင်မင်းတုန်းမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် ယောမင်းကြီး ဦးဘိုးလှိုင်၏ ဖခင်ဖြစ်သည်။ ၁၈၄၆ ခုနှစ်တွင် ပုဂံမင်းနန်းတက်လာသောအခါ နောက်တော်ပါ မြင်းဝန်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့သည်။ ပုဂံမင်းလက်ထက်တွင် ခန့်အပ်ခံခဲ့ရသည့် နောက်တော်ပါ မြင်းဝန်မှာ မင်းကြီးမဟာမင်းလှ သီရိဘွဲ့ခံ ဦးရွှေမောင် ဖြစ်၏။

မင်းတုန်းမင်း လက်ထက်[ပြင်ဆင်ရန်]

မင်း တုန်းမင်း (၁၈၅၃-၁၈၇၈) လက်ထက် အစောပိုင်းကာလတွင် နောင်တော်ပါ မြင်းဝန်အြဖစ် ခန့်အပ်ခံခဲ့ရသူမှာ မင်းကြီး မဟာမင်းခေါင်ဘွဲ့ခံ ဦးပို ဖြစ်သည်။ သူသည် ၂၂ မေ ၁၈၅၉ တွင် မန္တလေးမြို့တော် နန်းမြို့၏ တံခါးများ ဆောက်လုပ်ရာ၌ မြောက်ဘက် မျက်နှာ အနောက်စွန်းရှိ စည်သာတံခါးကို တာဝန်ယူ ဆောက်လုပ်ရသူဖြစ်၏။ မင်းတုန်းမင်း၏ အနောက်နန်းမတော် ပင်းတလဲထိပ်ခေါင်တင်နှင့် ယင်းခဲထိပ်ခေါင်တင်တို့၏ ဦးရီးတော်ဖြစ်၏။ ဦးပိုအား ဆက်ခံခဲ့သူ နောက်တော်ပါ မြင်းဝန်မှာ ဦးအုန်းခိုင် ဖြစ်၏။ သို့သော် နောက်တော်ပါ မြင်းဝန် ဦးအုန်းခိုင်မှာ ရေရှည်အမှုထမ်းရွက်ခွင့် မရခဲ့ပေ။ ၈ နိုဝင်ဘာ ၁၈၆၅ ခုနှစ်တွင် မင်းတုန်းမင်းတရား၏ မယ်တော်ကြီးနှင့် နန်းမတော်ကြီးတို့နှစ်ပါး သာသနာပြုဆရာတော်၏ ဈာပနသို့ သွားရောက်ဖူးမြော်ရန် မြင်းရထားများနောက်ကျနေမှုဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ နောက်တော်ပါ မြင်းဝန် ဦးအုန်းခိုင်နှင့်အတူ စာရေးကြီး ဦးကြယ်ပင် အဆစ်ပါသွား၏။

နောက်တော်ပါ မြင်းဝန် ဦးဘားကြီး[ပြင်ဆင်ရန်]

၁၈၇၈ ခုနှစ်၊ အောက်တိုဘာလတွင် သီပေါမင်း နန်းတက်လာပြီးနောက် မင်းထင်ရာဇာသခင်္ယာဘွဲ့ခံ ဦးဘားကြီးအား နောက်တော်ပါ မြင်းဝန်အရာခန့်အပ်ခဲ့သည်။ ဦးဘားကြီးမှာ ၁၈၆၆ ခုနှစ် မြင်ကွန်း မြင်းခုံတိုင် အရေး၌ ကျဆုံးခဲ့သူ ကင်းဝန်ဦးမာလိန်၏ သားဖြစ်သည်။ နောက်တော်ပါ မြင်းဝန် ဖြစ်လာပြီးနောက် ဦးဘားကြီးသည် စည်ရှည်မြို့ကိုလည်း မြို့စားအရာ ရရှိခဲ့သည်။ ၁၈၇၉ ခုနှစ် စက်တင်ဘာလတွင် ဗြိတိသျှသံအဖွဲ့ လာရောက်စဉ် နောက်တော်ပါ မြင်းဝန် ဦးဘားကြီးလည်း စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ရ၏။ ထို့ပြင် ၂၈ မေ ၁၈၈၁ ခုနှစ်တွင် ရတနာပုံမြို့တော်ကြီး လုံခြုံရေးအတွက် နယ်မြေ ၁၂ ရပ် သတ်မှတ်ကာ တာဝန်ခွဲဝေရာ၌လည်း နောက်တော်ပါ မြင်းဝန် ဦးဘားကြီးသည် ရွှေတချောင်းအတိုင်း တောင်ဘက်ကို ပိုက်ကျိုး၊ အနောက်ဘက်ကို မြေမြို့ရိုးအထိ တာဝန်ယူ ခဲ့ရသည်။ သီပေါမင်းလက်ထက် ဦးဘားကြီး နောက်တော်ပါ မြင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က နောက်တော်ပါ မြင်းအမှုထမ်း ၁၁၈ ဦးရှိခဲ့ပြီး လစာငွေ ၁၉၂၀ ကျပ် သုံးစွဲကုန်ကျကြောင်း သိရှိရသည်။ ဦးဘားကြီးသည် ကိုလိုနီခေတ်ဦး ကာလ ၁၃ ဇွန် ၁၈၉၅ တွင် ကွယ်လွန်သွားသည်။

နောက်တော်ပါမြင်းဝန်, ဦးပါရောက်, နောက်တော်ပါ မြင်းဝန် ဦးဘားကြီး,