အပျိုတော်

ဝီကီပီးဒီးယား မှ

အပျိုတော် ဆိုသည်မှာ အမျိုးအနွယ် မြင့်မြတ်သော မှူးကြီး မတ်ကြီး တို့၏ သမီး ၊ ထို့ထက် မြင့်မြတ်သော ဆွေတော်မျိုးတော် မှ ဆင်းသက်သူ ၊ စော်ဘွား ၊ မြို့စားတို့၏ ရင်သွေး သမီးကညာတို့ အနက်မှ ခြောက်ပြစ်ကင်း ရုပ်ရည်ချောမောခြင်း ရှိသူကို ရွေးချယ် ၍ ရွှေနန်းတော် ၌ အပျိုတော် စာရင်းသွင်းပြီးလျှင် ဝဲ လှည့် တစ်ရက် ၊ ယာလှည့် တစ်ရက် ကျ နန်းတော် သို့ ဝင်၍ ခစားရသည်။

ဘုရင် စံသည့် မှန်နန်းတော်တွင် တာဝန်ထမ်း ခစားရသူ ကို မှန်နန်းအပျိုတော် ဟုခေါ်သည်။ ထိုသူတို့သည် ဘုရင် တော်ကောက် က မိဖုရား ဖြစ်လာ၍ ၊ မိဖုရား လောင်း ဖြစ်သဖြင့် အနက်ရောင် သလွန်နှင့် အိပ်ရသည်။ မိဖုရားဖြစ်သည် နှင့် ရွှေပိန်းချ သလွန်တော်နှင့် အိပ်ရသည်။

ဘုရင် ၊ နန်းရ ဆောင်ရ မိဘုရားကြီးများနှင့် အိမ်ရှေ့မင်း ၊ အိမ်ရှေ့မိဘုရား ၊ ဘုရင့်မယ်တော် ၊ ဘုရင့်သမီးတော် ထိပ်စုဘုရား များ ထံတွင် ခစားရသူများကိုသာ "တော်" တပ်၍ အပျိုတော် ခေါ်ရသည်။ ကျန် သမီးတော်များနှင့် သာမန် မိဘုရား ငယ် များထံတွင် ခစားသူများအား " အပျို " ဟူ၍ သာ ခေါ်ရသည်။

အငြိမ့် အပျိုတော်ဟု ရှိသေးသည်။ ထိုသူတို့မှာ အတီး ၊ အက နှင့် ထမ်းရွက်ရသော အပျိုတော်များကို ဆိုလိုသည်။