စည်သာမင်းကြီး

ဝီကီပီးဒီးယား မှ

စည်သာမင်းကြီးသည် အလောင်းဘုရား ဦးအောင်ဇေယျ၏ မရီးတော် ခင်ပွန်းဖြစ်သည်။ ဟံသာဝတီပါမင်း(မဟာဓမ္မရာဇာဓိပတိ)လက်ထက် စည်သူကျော်ထင်၊မင်း ကြီးကျော်ထင်ဘွဲ့များ ရရှိသော အမတ်ကြီးဖြစ်သည်။အင်းဝကို ၁၇၅၂ ခုနှစ်၌ မွန်တို့ တိုက်ခိုက်သိမ်းပိုက်သောအခါ ဦးအောင်ဇေယျနှင့် ပူးပေါင်းလိုက်၏။ ဦးအောင်ဇေယျက မင်းလှစည်သူဘွဲ့ ချီးမြှင့်သည်။ သားတော်များနှင့်အတူ အားထားခြင်းခံခဲ့ရသူ ဖြစ်သည်။ ဦးအောင်ဇေယျ အထွဋ်အထိပ် မရောက်မီကာလက တိုက်ပွဲပေါင်းများစွာတွင် ထင်ရှားသော တပ်မှူးဖြစ်သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဦးစိန်မြင့်(လုပ်သားများကောလိပ်)ရေး၊ မြန်မာနိုင်ငံသမိုင်း အဘိဓာန်၊ ၁၉၆၈၊ နိုဝင်ဘာ(၂၄)ရက်၊ စာ-၁၀၅