စကောကရင်လူမျိုး

ဝီကီပီးဒီးယား မှ
(စကောကရင် မှ ပြန်ညွှန်းထားသည်)
ကရင်
စှီၤ/ကညီ
ကရင်အလံ
ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော စကောကရင် အမျိုးသမီးတစ်ဦး
ဘာသာစကား
ကရင်
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာခရစ်ယာန်၊ Animism
အခြားကြည့်ရန်။ ကရင်လူမျိုး

စကောကရင် (ကရင်: စှီၤ သို့မဟုတ် ပှၤကညီဖိ)၊ ကရင်ဖြူ[၁] သည် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော လူမျိုးစုတစ်ခု ဖြစ်ပြီး[၂] စကောကရင်ဘာသာစကားကို ပြောဆိုကြသည်။[၃]

စကောကရင်သည် ကရင်လူမျိုးစုဝင် ဖြစ်သည်။ ကိုလိုနီခေတ်တွင် ကရင်နီနှင့် ပအိုဝ်း (ကရင်မည်း)နှင့် ခွဲခြားခေါ်ဆိုရန် ကရင်ဖြူ ဟု သုံးနှုန်းခဲ့ကြသည်။[၁]

စကောကရင်လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ပိုင်း ကရင်ပြည်နယ်မွန်ပြည်နယ်ကယားပြည်နယ်တို့တွင် နေထိုင်ကြသည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သော ကရင်ပြည် ပဋိပက္ခများကြောင့် အများစုမှာ ထိုင်း-မြန်မာ နယ်စပ်သို့ ပြောင်းရွှေ့ကာ ဒုက္ခသည်များအဖြစ် နေထိုင်ကြသည်။ စကောကရင်လူမျိုးများသည် ကရင် အမျိုးသား အစည်းအရုံး (ကေအင်ယူ) ကို တည်ထောင်ခဲ့ကြသူများလည်း ဖြစ်သည်။

အခေါ်အဝေါ်ရင်းမြစ်[ပြင်ဆင်ရန်]

စကောဟူသော စကားလုံး၏ မူလအသံထွက်မှာ ရှောင် ဖြစ်သည်။ ရှောင်ကို ဗမာလို ရေးသည့်အခါ အဆင်မပြေ၍သော်လည်းကောင်း မူလပြောဆိုသူက ရှောင်ဟူသော စကားလုံး၏ အသံထွက်ကို ပီပြင်စွာ မပြောနိုင်သောကြောင့်သော်လည်းကောင်း စကောဟူသော စကားလုံးက ဗမာစာပေတွင် တွင်ကျယ်နေခြင်းဖြစ်သည်။ စကောဟူသော စကားလုံး၏ ကရင်အသံထွက်အမှန်မှာ "ရှောင်" ဖြစ်ပါကြောင်း ဖြည့်စွက်ရေးသားလိုက်ရပေသတည်း။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Sir George Scott. Among the Hill Tribes of Burma – An Ethnological Thicket. National Geographic Magazine, 1922, p. 293
  2. Hilltribes in Thailand။ 2 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2019 တွင် ပြန်စစ်ပြီး။
  3. Ethnologue - Karen, S’gaw