အမြင့်မင်းသား

ဝီကီပီးဒီးယား မှ
၀၂:၃၀၊ ၁၆ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 2 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

အမြင့်မင်းသား (၁၇၄၃–၁၇၇၇) သည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ၏ သားတော်တစ်ပါးဖြစ်သည်။ ဆင်ဖြူရှင်မင်းတရားလက်ထက် ၁၁၂၆ ခုနှစ်၊ နယုန်လပြည်ကျော် ၂ ရက်နေ့တွင် ဥကင်တော်ကြီး ဖွင့်တော်မူကာ ဆွေတော် မျိုးတော် မှူးတော် မတ်တော်တို့အား ဘွဲ့များချီးမြှင့်သည့်အခါ၌ ၁၁၂၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ဝ ရက်နေ့တွင် အမြင့်မင်းသားအား သုသီရိ ဓမ္မရာဇာဘွဲ့ ချီးမြှင့်ခဲ့သည်။ ဆင်ဖြူရှင်ဘုရား တံဆိပ်နာမံတော်နှင့် မိဖုရားသားတော် ညီတော် မှူးတော် မတ်တော် အမှုထမ်း အရာထမ်း ဘွဲ့စာရင်းပေမူ၌ ဖော်ပြထားလေသည်။[၁][၂][၃][၄]

ကိုးကား[ပြင်ဆင်ရန်]