စားပွဲတောင်တိုက်စားမိဖုရား
ပုံပန်းသွင်ပြင်
(စားပွဲတောင်မိဘုရား မှ ပြန်ညွှန်းထားသည်)
စားပွဲတောင်တိုက်စား မိဖုရားသည် မင်းတုန်းမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။ စားပွဲတောင်တိုက်စားသည် မင်းတုန်းမင်းသားဘဝကတည်းက ကောက်ထားသော ကိုယ်လုပ်တော် ဖြစ်ပြီး ၁၂၁၆ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်နေ့ (16 June 1854) တွင် ကျင်းပသော ဥကင်တော်ဖွင့်အခမ်းအနားတွင် သီရိမင်္ဂလာရုဇာမဟေဘွဲ့ ပေးသည်။ မိဖုရားလတ် အဆင့် ရှိသည်။ နောက်ပိုင်းတွင် မလ္လာဒေဝီဘွဲ.ပေးကာ ဒေဝီအဆင့် မိဖုရား ဖြစ်လာသည်။ သမီးတော်သုံးပါး၊ သားတော်တစ်ပါး ထွန်းကားခဲ့ရာ အကြီးဆုံးသမီးတော်နှင့် တတိယသားတော်တို့မှာ ငယ်စဉ်ကပင် လွန်သွားခဲ့ ကြသဖြင့် သမီးတော်နှစ်ပါးသာ သက်ရှိထင်ရှား ကျန်ခဲ့သည်။ ပင်းထိပ်ခေါင်တင်နှင့် မိုးမိတ်ထိပ်ခေါင်တင်တို့ ဖြစ်သည်။ စားပွဲတောင်တိုက်စားသည် သက်ဆိုးမရှည်ရှာပေ။ ၁၂၁၉ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ (17 October 1857) တွင်ကံကုန်တော်မူသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်သန်းဆွေ(ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်း