မဇ္ဈိမနိကာယ်

ဝီကီပီးဒီးယား မှ

မဇ္ဈိမ ဆိုသည်မှာ အလယ်အလတ်ဟု အဓိပ္ပာယ်ရသည်။ မဇ္ဈိမနိကာယ်သည် "ဒီဃနိကာယ်ကဲ့သို့လည်း မကျယ်လွန်း မရှည်လွန်း၊ ခုဒ္ဓကနိကာယ်ကဲ့သို့လည်း မကျဉ်းလွန်း မတိုလွန်း" မတိုမရှည်၊အလယ်အလတ် ဒေသနာများ သတ္တုန်များကို စုစည်းထားခြင်းဖြစ်သည်။ (မဇ္ဈိမ= အလယ်အလတ်+ နိကာယ = အစု) မဇ္ဈိမနိကာယ၌ ဒေသနာငါးဆယ်လျှင် တစ်ကျမ်းပြုကာ သုံးကျမ်းခွဲခြားထား၏။ မဇ္ဈိမနိကာယတွင် ဗုဒ္ဓမြတ်စွာနှင့် ခေတ်ပြိုင် ပေါ်ပေါက်ခဲ့သော အယူဝါဒအမျိုးမျိုးတို့ကို ဗုဒ္ဓအဆုံးအမနှင့် ကွဲပြားခြားနားပုံ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို အဆင့်အဆင့် လေ့ကျင့်မှသာလျှင်ရနိုင်ပုံ၊ ရတနာသုံးပါးဂုဏ်ကို ညှိုးနွမ်းအောင် ကြံဆောင်နေသာ သစ္စကကို ဗုဒ္ဓမြတ်စွာ အောင်မြင်ပုံစသည်တို့ ပါဝင်သည်။[၁]

ထိုမဇ္ဈိမနိကာယ၌ပါရှိသော ဒေသနာများ ငါးဆယ်လျှင် တစ်ကျမ်းပြုကာ သုံးကျမ်းခွဲထားပြန်လေသည်။ ၎င်းတို့မှာ-

  1. မူလပဏ္ဏာသ (ရှေးဦးအစဖြစ်သည့် ဒေသနာ ဝါ သုတ်ငါးဆယ်ပါသောကျမ်း)
  2. မဇ္ဈိမပဏ္ဏာသ (အလယ်ဖြစ်သည့် ဒေသနာ ဝါ သုတ်ငါးဆယ်ပါသောကျမ်း)
  3. ဥပရိပဏ္ဏာသ (နောက်ဆုံးဖြစ်သည့် ဒေသနာ ၅၂-သုတ်ပါသောကျမ်း)တို့ ဖြစ်ကြလေသည်။

၎င်းတို့ကို ပဏ္ဏာသသုံးကျမ်းဟုလည်း ခေါ်ဝေါ်ကြသည်။ (ပဏ္ဏာသ= ပညာသ = ငါးဆယ်)[၂]

မူလပဏ္ဏာသပါဠိတော်

မူလပရိယာယဝဂ်

သီဟနာဒဝဂ်

ဩပမ္မဝဂ်

မဟာယမကဝဂ်

စူဠယမကဝဂ်

မဇ္ဈိမပဏ္ဏာသပါဠိတော်

ဂဟပတိဝဂ်

ဘိက္ခုဝဂ်

ပရိဗ္ဗာဇကဝဂ်

ရာဇဝဂ်

ဗြဟ္မဏဝဂ်

ဥပရိပဏ္ဏာသပါဠိတော်

ဒေဝဒဟဝဂ်

အနုပဒဝဂ်

သုညတဝဂ်

ဝိဘင်္ဂဝဂ်

သဠာယတနဝဂ်


ကိုးကား

  1. Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990)
  2. ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန)