ထားဝယ်စကား

ဝီကီပီးဒီးယား မှ
၁၇:၃၄၊ ၂၃ ဩဂုတ် ၂၀၂၀ နေ့က Bhone.bm (ဆွေးနွေး | ပံ့ပိုး) (→‎ထားဝယ်စကား:  လင့်ခ်များပေါင်းထည့်ခဲ့သည်) တည်းဖြတ်သည့်မူ
ထားဝယ်စကား
ဒေသအရှေ့တောင်
လူမျိုးစုincl. တောင်ရိုး
ဒေသခံ ပြောဆိုသူများ
ca. 440,000 (2000)[၁]
ဘာသာစကားကုဒ်များ
ISO 639-3Either:
tvn – Tavoyan proper
tco – Dawei Tavoyan (Taungyo)
Glottologtavo1242  Tavoyan[၂]
taun1248  Taungyo[၃]

ထားဝယ်စကားသည် ဒေသန္တရမြန်မာစကားပင်ဖြစ်သည်ဟု ဆိုကြသော်လည်း ထားဝယ်စကားတွင် ကိုယ်ပိုင်ဝေါဟာရများနှင့် ထူးခြားသည့် ​ဝိသေသများ ရှိသည်။ အသံအလွန်ဝဲသည်ဟု ဆိုကြသည်။ အသံဝဲမြန်မာစကားသက်သက် မဟုတ်ပေ။ ဒေသအသုံးအနှုန်းများလည်း ရှိသည်။ ဝိဘတ်၊ ပစ္စည်းများ ဝဲပြောရာ၌ မြိတ်စကားနှင့်ဆင်တူ သည်များလည်း ရှိသည်။ အောက်ပါတို့မှာ ထားဝယ်ဒေသသုံး မြန်မာနှင့် မတူသော စကားလုံးများအချို့ ဖြစ်သည်။

မြန်မာစကား ထားဝယ်စကား IPA မှတ်ချက်
ကောက် ကော့တ် /kɔʔ/ စာလုံးပေါင်းတူ အသံထွက်ကွာ
ကျောင်း က္လောင်း /kláʊɴ/
ခြေ ခ္လေ /kʰlè/
တောတောင် တောတောန် /tɔ́tɔ̀ɴ/ စာလုံးပေါင်းတူ အသံထွက်ကွာ
ပိတောက် ဒေါ့တ် /dɔʔ/
ပိတောက်ပင် ဒေါ့တ်ပန် /dɔʔ bàɴ/
မနက်ဖြန် နန့်ကီးဟ်တိုင် /naʔkítàɴ/
သဘက်ခါ နန့်ကီးပွဲခါ(နန့်ကီးဖတ်) /naʔkípwɛ́kʰà/
နင် နန် /nàɴ/ စာလုံးပေါင်းတူ အသံထွက်ကွာ
ပန်းပင် ပန်းဘန် /páɴbàɴ/
ပျောက် ပျော့တ် /pjɔʔ/
မိုးရွာ မိုးဝါ /mójwà/
သွား သွား /θɔ́/ စာလုံးပေါင်းတူ အသံထွက်ကွာ
အိပ်ချင်တယ် အိရှင်ဟှယ် /ʔḭʃàɴjɛ̀/
အိမ်ခေါင်မိုး အီးမိုးခေါန် /ʔìːɴmókʰɔ̀ɴɴ/

ကိုးကား

  1. Tavoyan proper at Ethnologue (18th ed., 2015)
    Dawei Tavoyan (Taungyo) at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Tavoyan"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Taungyo"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။