မြန်မာနိုင်ငံရှိ အိပ်(ခ်ျ)အိုင်ဗွီ/အေအိုင်ဒီအက်(စ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာနိုင်ငံရှိ အိပ်(ခ်ျ)အိုင်ဗွီ/အေအိုင်ဒီအက်(စ်)ကို ကျန်းမာရေးဝန်ကြီးဌာနမှ အလေးဂရုပြုသင့်သည့်ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပါသည်။ ယင်းသည် နေရာအနှံ့တွင် လိင်လုပ်သားများ၊ သွေးပြန်ကြောများအတွင်းဆေးသွင်းအသုံးပြုသူများ အကြားတွင် အများအပြားပြန့်နှံ့နေပါသည်။ ၂၀၀၅ ခုနှစ်တွင် ယူအင်(န်)အေအိုင်ဒီအက်(စ်) အဆိုအရ၊ မြန်မာနိုင်ငံရှိ အရွယ်ရောက်သူ အိပ်(ခ်ျ)အိုင်ဗွီ ပျံ့နှံ့မှုနှုန်း သည် ၁.၃% (၂၀၀,၀၀၀-၅၇၀,၀၀၀ လူဦးရေ) ဖြစ်၍၊ စောစောပိုင်းညွှန်ပြမှုများအရ ယင်းကပ်ရောဂါသည် ဆက်လက်ပြန့်ပွားသွားမည်ဖြစ်သော်လည်း တိုင်းပြည်အတွင်း ဆုတ်ယုတ်ဖွယ် ဖြစ်ကြောင်း ဖေါ်ပြနေပါသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံရှိ နိုင်ငံတော် အေအိုင်ဒီအက်(စ်) အစီအစဉ်သည် ၃၂% သော လိင်လုပ်သားများနှင့် ၄၃% သော သွေးပြန်ကြောအတွင်း ဆေးသွင်းအသုံးပြုသူများ၌ အိပ်(ခ်ျ)အိုင်ဗွီ ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါသည်။

နိုင်ငံတကာမှလှုဒါန်းသူများ[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်၌ နိုင်ငံတကာလှူဒါန်းသူများ (နော်ဝေးနိုင်ငံအစိုးရ၊ သည် နယ်သာလန်၊ ယူနိုက်တက်ကင်းဒမ် နှင့် ဆွီဒင်) တို့က ယူအက်(စ်)ဒေါ်လာ ၂၇,၇၁၁,၈၁၃ ကို မြန်မာနိုင်ငံ အိပ်(ခ်ျ)အိုင်ဗွီ အစီအစဉ်သို့ လှူဒါန်းခဲ့ရာတွင် နိုင်ငံတော်အစိုးရက ယူအက်(စ်)ဒေါ်လာ ၁၃၇,၁၂၀ (ကျပ် ၁၅၀,၈၃၁,၆၀၀) ကို အိပ်(ခ်ျ)အိုင်ဗွီအတွက် အသုံးပြုခဲ့ပါသည်။ အာရှတိုက်၏ အရွယ်ရောက်သူ အိပ်(ခ်ျ)အိုင်ဗွီပျံ့နှံ့မှုနှုန်းတွင် မြန်မာနိုင်ငံသည် (၁၆၆ နိုင်ငံအနက် အမှတ်စဉ် ၅၁) အမြင့်မားဆုံးသော နိုင်ငံတစ်နိုင်တွင် ပါဝင်နေပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကနောက်မှ လိုက်ပါလာပါသည်။ ခန့်မှန်းခြေ ၂၀,၀၀၀ (၁၁၀၀၀ မှ ၃၅၀၀၀ အတိုင်းအတာအတွင်း)သည် အိပ်(ချ)အိုင်ဗွီ/အေအိုင်ဒီအက်(စ်) ကြောင့် နှစ်စဉ်သေဆုံး နေကြပါသည်။[၁][၂][၃].[၄] ပထဝီဝင်အနေအထားအရ အိပ်(ခ်ျ)အိုင်ဗွီ ဖြစ်မှု အနည်းဆုံးနှုန်းသည် အနောက် (ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်)တွင် ဖြစ်၍၊ အလယ်အလတ်နှုန်းများအနေဖြင့် အလယ်ပိုင်းဒေသ (မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း) များဖြစ်ပြီး အမြင့်မားဆုံး ရောဂါကူးစက်မှုနှုန်းသည် မြောက်ဘက် (ကချင်ပြည်နယ်)၊ အရှေ့ဘက် (ရှမ်းပြည်နယ်ကရင်ပြည်နယ်)နှင့် တောင်ဘက် (မွန်ပြည်နယ်၊ တနင်္သာရီ တိုင်း)တို့တွင် ဖြစ်ပေါ်နေပါသည်။.[၃][၅] လေးမျိုးသော ကွဲပြားခြားနားသည့် အိပ်(ခ်ျ)အိုင်ဗွီမျိုးသစ်များသည် မြောက်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက် မြန်မာနိုင်ငံတို့မှ ဘိန်းဖြူ သယ်ယူမှုလမ်းကြောင်းတလျှောက်ဖြင့်အတူ မြန်မာပြည်မှ အစပြုခဲ့သည်ဟု ယုံကြည်ရမည်ဖြစ်ပါသည်။[၆]

အစိုးရဆောင်ရွက်မှု[ပြင်ဆင်ရန်]

တစ်ကမ္ဘာလုံးဆိုင်ရာ AIDS တိုက်ဖျက်ရေး အထိမ်းအမှတ် သင်္ကေတ

ကျန်းမာရေးဝန်ကြီးဌာနသည် ၁၉၈၅ ခုနှစ်က မြန်မာနိုင်ငံတွင် အိပ်(ခ်ျ)အိုင်ဗွီ/ အေအိုင်ဒီအက်(စ်)ရောဂါကို စတင် လေ့လာမှုပြုခဲ့ပါသည်။[၇]မြန်မာနိုင်ငံတွင် ပထမဆုံးသော အိပ်(ခ်ျ)အိုင်ဗွီ ရောဂါအကြောင်းကို ၁၉၈၈ ခုနှစ်တွင် အစီရင်ခံခဲ့ပြီး၊ မြန်မာနိုင်ငံမှ ပထမအေအိုင်ဒီအက်(စ်) လူနာကို ၁၉၉၁ ခုနှစ်တွင် အစီရင်ခံခဲ့ပါသည်။ အိပ်(ခ်ျ)အိုင်ဗွီ စောင့်ကြည့်လေ့လာခြင်းကို နောက်နှစ်တွင် စတင်ခဲ့၍၊ မိခင်မှ ကလေးသို့ ကူးစက်ခြင်း ကာကွယ်မှုအစီအစဉ်ကို ယင်းနောက် ၂၀၀၀ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ရောဂါပိုးမွှားများ ကူးစက်မှုကိုဆေးဝါးဖြင့် ထိန်းချုပ်ခြင်း ကုသမှုကို ပြည်သူ့ကဏ္ဍသို့ အစပျိုးဝင်ရောက်စေသော်လည်း၊ ၃ ရာခိုင်နှုန်းသော အိပ်(ခ်ျ)အိုင်ဗွီ/အေအိုင်ဒီအက်(စ်) လူနာများသည်သာ ယင်းသို့ ကုသမှုကို လက်ခံရရှိခဲ့ပါသည်။ ယခုအချိန် အခါတွင် အေအိုင်ဒီအက်(စ်)သည် နိုင်ငံတော် ကျန်းမာရေးစီမံချက်များတွင် ဦးစားပေးရောဂါများအနက် တစ်ခုဖြစ်နေပါသည်။[၈][၂] ၂၀၀၅ ခုနှစ်၊ ဩဂုတ်၁၈ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်(စ်)၊ တီဘီ ခေါ် အဆုတ်နာရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်မှုရန်ပုံငွေအဖွဲ့မှ မြန်မာနိုင်ငံသို့ပေးခဲ့သည့် ယူအက်(စ်) ဒေါ်လာ ၉၈,၄၀၀,၀၀၀ အထောက်အပံ့ (အိပ်(ခ်ျ)အိုင်ဗွီ/အေအိုင်ဒီအက်(စ်)သို့ ရှေ့ရှုသည့် ယူအက်(စ်) ဒေါ်လာ ၁၉,၂၀၀,၀၀၀) ကို ပယ်ဖျက် ရပ်ဆိုင်းခဲ့ပါသည်။ ယင်းသည် နိုင်ငံတော်အစိုးရမှ ယခင်အခါက လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များကို ဆန့်ကျင်၍ ၎င်း၏ဝန်ထမ်းများ ခရီးသွားလာခြင်းကို ကန့်သတ်မှုများ ပြုလုပ်ခဲ့၍ ဖြစ်ပါသည်။[၉]

ပြဿနာများ[ပြင်ဆင်ရန်]

နယ်စည်းမခြား ဆရာဝန်များ (Doctors Without Borders) (အမ်အက်(စ်)အက်(ဖ်) ဟု လည်း သိခဲ့ကြသော) မှ ထုတ်ဝေခဲ့သည့် `ရှောင်ကြဉ်သင့်သော ကံကြမ္မာ´ ဟူသည့် အစီရင်ခံစာအရမူ ၂၅,၀၀၀ သော မြန်မာပြည်သူပြည်သား အေအိုင်ဒီအက်(စ်)လူနာများသည် ၂၀၀၇ ခုနှစ်အတွင်း သေဆုံးခဲ့ကြသည်ဟုဆို ပါသည်။ ယင်းသေဆုံးမှုများမှ လူများစွာတို့ကို ရောဂါပိုးမွှားများ ကူးစက် ထိန်းချုပ်မှု ဆေးဝါးများ နှင့် သင့်တော်သည့် ပြုစုစောင့်ရှောက်မှုများဖြင့် ကာကွယ်မှုပြုနိုင်ခဲ့မည် ဖြစ်ပါသည်။ ယင်းသည် အစိုးရထံမှ သို့မဟုတ် ပြင်ပလှူဒါန်းသူများထံမှ လုံလောက်သည့်ငွေများ ဝင်ရောက်ရရှိလာခြင်း မရှိ၍ဟု ရိုးစင်းစွာဆိုရမည်ဖြစ်သည့်ပြင်၊ လူအများသည် လွန်စွာဆင်းရဲပြီး သူတို့ကိုယ်တိုင် ယင်းသို့ကုသမှုများခံယူရန် တတ်နိုင်ခြင်း မရှိကြ၍ ဖြစ်ပါသည်။[၁၀] အမ်အက်(စ်)အက်(ဖ်) မှ ၂၀၀၈ခုနှစ်တွင် ၎င်းတို့မြန်မာနိုင်ငံ၌ ကုသမှုပြုနိုင်မည့် အသစ် အမှုကိစ္စ အရေ အတွက်များကို ကန့်သတ်ခဲ့ရပါသည်။ [၁၁] အခြားသော စိတ်ဝင်စားသည့် ထောက်ပံ့သူများမှ ပေးကမ်းလာသည့် ကုသမှု ချို့ယွင်းခြင်းများက ဤကန့်သတ်ချက်သို့ တွန်းပို့ပေးခဲ့၍ အမ်အက်(စ်)အက်(ဖ်)သည် ယခုအခါတွင် ဆုံးဖြတ်ချက်ကို နာကျင်စွာပြုလုပ် ခဲ့ရပြီး ၎င်းတို့ ကုသနိုင်မည့် လူနာအသစ်များ အရေအတွက်အား များပြားစွာ လျှော့ချခဲ့ရပါသည်။၂၀၀၈ ခုနှစ်တွင် မြန်မာပြည်၌ အမ်အက်(စ်)အက်(ဖ်)သည် ရောဂါပိုးမွှားများ ကူးစက်မှုကို ဆေးဝါးဖြင့်ထိမ်းချုပ်ခြင်း ကုသမှု (အေ အာ(ရ်)တီ) ဆေးဝါးများနှင့် ပြုစုကုသမှုများကို အများဆုံးပေးခဲ့သည့် ကျန်းမာရေး ထောက်ပံ့သူအဖြစ် တည်ရှိလာခဲ့ပါသည်။ အစိုးရ သို့မဟုတ် ပြည်သူလူထု တစ်စုံတစ်ရာ၊ သို့မဟုတ် ပုဂ္ဂလိက ဆေးဝါးအဖွဲ့ အစည်းများမှ မူမဟုတ်ခဲ့ပါ။ ၎င်းသည် အေအိုင်ဒီအက်(စ်) ရောဂါဝေဒနာရှင်များ အသက်ရှင်နိုင်ရေးအတွက် လိုအပ်သည့် ရောဂါပိုးမွှားများကူးစက်မှုကို ဆေးဝါးဖြင့် ထိမ်းချုပ်ကုသမှုကို လူပေါင်း ရ၀,၀၀၀ ကျော်သည် ယင်းကုသမှု လိုအပ် နေစဉ်တွင် လူပေါင်း ၁၁,၀၀၀ ခန့်အတွက် ပေးနိုင်ခဲ့ပါသည်။ မည်သို့ဆိုစေ ၂၀% သော အိပ်(ခ်ျ)အိုင်ဗွီ/ အေအိုင်ဒီအက် (စ်) လူနာများသည် လိုအပ်သည့် ကုသမှုကို ရရှိခဲ့ကြပါသည်။[၁၀]

ထောက်ပံ့မှုနှင့်သယ်ယူပို့ဆောင်မှု ပြတ်လတ်ခြင်းများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏အစိုးရသည် ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများတွင် ၎င်း၏ ဂျီဒီပီကို ရာခိုင်နှုန်း အနည်းဆုံး အသုံးပြုပါသည်။ အိန္ဒိယနိုင်ငံမှအပ အခြားမည်သည့် နိုင်ငံများကိုမဆို ပေးသောငွေနှင့် ယှဉ်လျင် နိုင်ငံတကာ အလှူရှင်များက မြန်မာနိုင်ငံအား ပေးသောငွေသည် နည်းပါသည်။ အေအာ(ရ်)တီ ကို ထောက်ပံ့မှုနှင့် သယ်ယူပို့ဆောင်မှု ပြတ်လတ်ခြင်းများက ဆေးဝါးခံနိုင်ရည်ရှိမှုနှင့် အိပ်(ခ်ျ)အိုင်ဗွီ မျိုးသစ်ဖြစ်ပွားခြင်းသို့ ရှေ့ရှုစေပါသည်။ မြန်မာနိုင်ငံ၌ လိင်ကိစ္စအရောင်းအဝယ်လုပ်ခြင်း၏ ရာဇဝတ်မှု သဘောသဘာဝသည် ၁၉၄၉ ခုနှစ်က ပြည့်တန်ဆာနှိမ်နင်းရေး အက်ဥပဒေမှ ထားမြစ်ကန့်သတ်ထားသကဲ့သို့ အိပ်(ခ်ျ)အိုင်ဗွီ/ အေအိုင်ဒီအက်(စ်)နှင့် ကွန်ဒုံးအသုံးပြုခြင်းကို နားလည်သဘောပေါက်ခြင်းတို့နှင့် ပတ်သက်၍ အကျိုးသက် ရောက်မှုရှိစေခြင်းကိုလည်း မြန်မာနိုင်ငံရှိ လိင်လုပ်သားများ သိရှိစေရန် လုပ်ဆောင် ပေးပါသည်။[၁၂] [၁၃] ရန်ကုန်မြို့တွင် ပြည့်တန်ဆာအိမ်ပေါင်း ၁၀၀ ကျော်နှင့် လိင်လုပ်သား ၁၀,၀၀၀ အထိရှိ၍ များသောအားဖြင့် မြန်မာမျိုးနွယ်စုအုပ်စုများမှ ဖြစ်ပြီး ၇၀ မှ ၉၀% အကြားရှိသူများသည် လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်သောရောဂါများ ဖြစ်ပွားထားသော ရာဇဝင်ရှိသူများဖြစ်၍၊ ၂၅% ထက်နည်းသော သူတို့သည် အိပ်(ခ်ျ)အိုင်ဗီအတွက်စမ်းသပ်ခံရပြီးသူများဖြစ်ပါသည်။ လေ့လာသူများမှ ရန်ကုန်ရှိတစ်ဝက်နီးပါးမျှသောလိင်လုပ်သားတို့တွင် အိပ်(ခ်ျ)အိုင်ဗီ/ အေအိုင်ဒီအက်(စ်) ရှိနေသည်ဟု ရှာဖွေတွေ့ရှိကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံ HIV/ AIDS ရောဂါ ကူးစက် ခံရ သူများ စာရင်းတွင် အသက် ၁၅ နှစ်အထက် အမျိုးသား ၁၅၂၀၀၀ ဦး၊ အမျိုးသမီး ၈၁၀၀၀၀ ဦးနှင့် မိခင်မှ တစ်ဆင့် ကူးစက် ခံရသူ ကလေးငယ် ၄၆၀၀ ဦး၊ စုစုပေါင်း ၂၃၇၆၀၀ ဦး ရှိကြောင်း သိရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. At a glance: Myanmar - statisticsUNICEF။ 2007-01-09 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ A scaled-up response to AIDS in Asia and the Pacific (PDF)။ UNAIDS (2005-07-01)။ 2007-01-10 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Asia (PDF)။ UNAIDS (December 2006)။ 2007-01-09 တွင် ပြန်စစ်ပြီး။
  4. Garrett, Laurie (2005). HIV and National Security: Where are the Links?. Council of Foreign Relations. 
  5. "HIV AIDS in Burma: Public Health Constrained" (2008). Public Health Aspects of HIV/AIDS in Low and Middle Income Countries. Springerlink. doi:10.1007/978-0-387-72711-0_19. 
  6. Search results | Transnational Institute
  7. Fund for HIV/AIDS in Myanmar - Annual Progress Report (PDF)။ UNAIDS (2005-04-01)။ 2007-01-09 တွင် ပြန်စစ်ပြီး။
  8. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named moh
  9. Myanmar: Epidemiological Fact Sheets (PDF)။ UNAIDS (2004)။ 2007-01-10 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ http://www.msf.org/source/countries/asia/myanmar/2008/PreventableFate/PreventableFatereport.pdf
  11. Mydans၊ Seth။ "Dying, and Alone, in Myanmar"၊ The New York Times၊ 2009-04-01။ 2010-05-04 တွင် ပြန်စစ်ပြီး 
  12. Beyrer, Chris (1998). War in the blood: sex, politics and AIDS in Southeast Asia. Palgrave Macmillan, 36. ISBN 9781856495325 
  13. Talikowski, Luke; Sue Gillieatt (2005). "http://www.acewh.dal.ca/pdf/GBA%20Scenarios/Female_sex_work_in_Yangon_%20Myanmar.pdf". Sexual Health 2 (3): 193–202. PMID 16335547. Retrieved on 2009-04-07. 

http://myanmar-myanmar.net/index.php?option=com_content&view=article&catid=54%3Amyanmar-health-news&id=11991%3Ahivaids---&Itemid=549

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]