ဖွားစောရွာ

ဝီကီပီးဒီးယား မှ

ဖွားစောရွာသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ (၁၃)ရာစုတွင် ပေါ်ထွန်းသော မိဖုရားကြီး ဖွားစောအား အစွဲပြုခေါ်ဆိုခဲ့ရာမှ တွင်လာသည့် နောက်ဆုံးအမည် ဖြစ်ပြီး ဒုတိယတွင်ခဲ့သော “သစ်မတီ”(သမထီး) အရပ်အမည်မှာလည်း ထင်ရှားခဲ့သည်။ ပုဂံပြည် ဗုဒ္ဓသာသနာ မထွန်းကားချိန်အခါက ထိုအရပ်တွင် အရည်းကြီး ခြောက်ကျိပ်နှင့် တပည့် ခြောက်သောင်းနေထိုင်၍ “သမတိန္တ”(ကန္တရ) အယူဝါဒဆိုင်ရာ ကိုးကွယ်မှု ဖြန့်ချိပေးရာဒေသ ဖြစ်ခဲ့သည်။


ပထမဆုံးအနေနှင့် ရွာစိုက်ဟု အမည်ပေးခဲ့ပြီး ပုဂံ(၁၉)ရွာ ဝင်ဖြစ်ခဲ့သည်။ ရွာစိုက်အမည်မှာ ကျောက်စာထွက် စကားမဟုတ်သော်လည်း သစ်မထိ နှင့် ဖွားစောမှာ ကျောက်စာထွက်အမည်များ ဖြစ်ကြသည်။ ဖွားစောတစ်ဝိုက်တွင် (၁၂)ရာစုမှ (၁၃)ရာစုအထိ သာသနိက အဆောက်အအုံများ အများအပြား ဆောက်လုပ်ခဲ့ကြသည်။

ထင်ရှားသော ဘုရားပုထိုးများမှာ

  1. ဓမ္မရာဇိကဘုရား

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ကြည်ပန်း(မြင်းကပါ)၊ ယဉ်ကျေးမှုအမွေ ပုဂံမြေမှ စေတီပုထိုးများ