မလုံးဖြစ်ဂူဘုရား

ဝီကီပီးဒီးယား မှ
  • စေတီပုထိုးအမှတ် = ၆၆၇/၃၄၅−က

မလုံးဖြစ်ဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ မလာဖြစ်ဂူ ဘုရားတံတိုင်း၏ မြောက်ဘက်ကပ်၍ မလုံးဖြစ်ဂူ ဘုရားတံတိုင်းရှိလေသည်။ တံတိုင်းမှာ မလာဖြစ်ထက် ပို၍ကျယ်ဝန်းပြီး မလုံးဖြစ်ဂူဘုရားမှ တောင်ဘက်တံတိုင်း အလယ်လောက်တွင် ကပ်၍ရှိလေသည်။ ဂူအနောက်မြောက်ဘက် တံတိုင်းတွင်းတွင် အုတ်ကျောင်း အလတ်စားနှစ်ခု တောင်မြောက်တန်း၍ ရှိပြီး တောင်ဘက်ကျောင်းသည် လေးထောင့်မတ်မတ် အောက်နှစ်ခန်း၊ အပေါ်ထပ်ရှိလေသည်။

မလုံးဖြစ်ဂူအတွင်းတွင် ကျောက်စာနှစ်ခုရှိရာ တစ်ခုမှာ သက္ကရာဇ် ၅၉၂-ခုတွင် ကောင်းမှုရှင် (ဖုန်းသည်) သူဖရစ်လင်မယားသည် စရပ်လှမည်သော နေရာအရှေ့တွင် ဂူကျောင်းပြုလုပ်ကြောင်း၊ ကျွန်လှူကြောင်း၊ သက္ကရာဇ် ၆၀၇ တွင်လည်း သူဖရစ်မယားက မြေလှူကြောင်းများ ပါရှိလေသည်။ အခြားကျောက်စာတစ်ခုတွင် သက္ကရာဇ် ၆၀၀ ၌ သံဗျင်သက်ရှည်ဆိုသူက စရပ်လှရှေ့တောကျောင်း၌ မြေလှူသည့်အကြောင်း ပါရှိလေသည်။

မလုံးဖြစ်ဂူဘုရားတွင် အပြင်ဘက် အင်္ဂတေပန်းများ ကျန်သော်လည်း လက်ရာမှာမူကား မကောင်းလှပေ။ အတွင်းပန်းချီများအနက် အနောက်မျက်နှာအမိုးမှ ပန်းဝိုင်းများ လက်ရာကောင်းမွန် လှပစွာရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဗိုကေ - ပုဂံသုတေသနလမ်းညွှန်