ပေါ်တော်မူဘုရား

ဝီကီပီးဒီးယား မှ
  • စေတီပုထိုးအမှတ် = ၁၁၉၃/၅၃၁

ပေါ်တော်မူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံမြင်းကပါအရပ်တွင် တည်ရှိသည့် စေတီဖြစ်သည်။ ပေါ်တော်မူဘုရားကို ခရစ်(၁၁)ရာစုတွင် တည်ခဲ့သည်။ မြင်းကပါရွာ တောင်ဘက် နဂါးရုံဘုရား၏ အနောက်တောင်ဘက်ရှိ စေတီအပြိုအပျက်တစ်ခုကို ရှင်းလင်းရာ အထဲတွင် စေတီငယ်တစ်ဆူ တွေ့ရှိ၍ ပေါ်တော်မူစေတီဟု ခေါ်ဆိုခြင်းဖြစ်သည်။ နဂါးရုံပေါ်တော်မူဟုလည်း ခေါ်ကြသည်။

ပေါ်တော်မူစေတီ၏ အထက်ပိုင်းတွင် ငှက်ပျောဖူး၊ ကြာလန်၊ ကွမ်းတောင်ကို တဖြည်းဖြည်းခြုံယူသည့် ပိရမစ်ပုံစံနှင့် ခေါင်းလောင်းပုံတို့ရှိပြီး ခေါင်းလောင်းပုံအခြေတွင် ရှစ်မြှောင့်ဖောင်းရစ်များရှိကာ အနားခြောက်မြှောင့်ရှိ ပစ္စယာသုံးဆင့်ပေါ်တွင် တည်ဆောက်ထားသည်။ ပေါ်တော်မူစေတီကို မပျက်မစီး တွေ့ရ၍ ပုဂံခေတ်ဦးပိုင်း စေတီ၏ အပေါ်ပိုင်းဆိုင်ရာ တည်ဆောက်မှုကို သိရှိရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ