ဂူနီဘုရား

ဝီကီပီးဒီးယား မှ

ဂူနီဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ဂူနီဘုရား (ကူးနီဘုရား) (ညောင်ဦးကမ်းပါးချောက် အထက်ပိုင်း) နတ်သမီးကမ်းပါးချောက်သို့ ညောင်ဦးမြို့မှ ဩားရာလမ်းပေါ်တွင် တစ်ဆူတည်း ထီးထီးတည်ရှိသည်။ ကျောက်ဂူဥမင်သွားရာလမ်းခွဲမှ လာလျှင်လည်း ရသည်။ ထူးခြားသည်မှာ ညောင်ဦးကမ်းပါးချောက်နှင့် အနီးတစ်ဝိုက်တွင် မည်သည့်နေရာကကြည့်ကြည့် တောင်ထိပ်တွင် ကြီးကြီးမားမား တစ်ဆူတည်း တည်ရှိနေခြင်းဖြစ်သည်။ တချို့တဝက်မှာ ပျက်စီးနေသော်လည်း လူသူအရောက်အပေါက်နည်းသဖြင့် ဗုဒ္ဓဝင် နံရံဆေးရေးများမှာ အကောင်းနီးပါး ရှိနေသေးသည်။