စေတနာကြီးဘုရား (စည်စနာ)
- စေတီပုထိုးအမှတ် = ၉၈၇/၄၁၃
စေတနာကြီးဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ စေတနာကြီးဘုရားသည် ဆင်ခံ သီဟိုဠ်ပုံစေတီဖြစ်ပြီး (၂၆) မတ်လ၁၂၃၆−ခုတွင် နားတောင်းများ (ထီးလိုမင်းလို)မင်း တည်ဆောက်ခဲ့သည်။ စေတနာကြီးဘုရားသည် မူလက စည်စနာ (ဂိ့ဝ) ဟိန္ဒူဘုရားကျောင်းဖြစ်ပြီး နားတောင်းများမင်းက စေတီအဖြစ် ပြုပြင်တည်ဆောက်ခဲ့သည်။ နားတောင်းများမင်းလက်ထက်တွင် ဘုရားအပြီးမသတ်ခဲ့သဖြင့် သားတော် ကျစွာမင်းက ဆက်လက်ပြီးစီးအောင် တည်ခဲ့သည်။ ပန္နက်ပုံမှာ လေးထောင့်ပုံဖြစ်ပြီး အောက်ခြေပန်းတင်ခုံတိုင်း၏ အနားတစ်ဖက်စီတွင် ဆင်ဦးခေါင်းရုပ် ၃၉ရုပ်နှင့် ကလသာအိုး ၄၀ တို့ကို အစီစဉ်တကျ ထည့်သွင်း တန်ဆာဆင်ထားရှိသည်။ ထူးထူးခြားခြား ပစ္စယာ ၄ ဆင့် ရှိပြီး ပစ္စယာအဆင့်တိုင်းမှာရှိတဲ့ အရံစေတီများရဲ့ မုခ်ကဒ်များအတွင်း မတ်တပ်ဆင်းထုတော်များ ရှိသည်။ အနီးတဝိုက်မှာ ဉာဏ်တော်အမြင့်ဆုံးဖြစ်သောကြောင့် မူလဘွဲ့တော် စေတနာမှာ "ကြီး" တလုံးပိုကာ "စေတနာကြီး" လို့အမည်တွင်ရစ်သည်ဟူ၍ သိရှိရသည်။ စေတနာကြီးဘုရားဟု အမည်ပြောင်းထားသော်လည်း စည်စနာကြီး/ စစ်စနားကြီးဟုသာ ခေါ်နေကြသည်။ စေတနာကြီးဘုရား၏ လေးထောင့် ဓာတ်တော်တိုက်ရှိ အင်္ဂတေ ပန်းတော့လက်ရာနှင့် ဘုရားပတ်လည်ရှိ အင်္ဂတေ ပန်းတော့လက်ရာများကို လေ့လာနိုင်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ