ဥဇနာ (ပုဂံ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဥဇနာ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ဥဇနာ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

သက္ကရာဇ် ( ၅၉၆ ) အေဒီ ၁၂၃၄ တွင် ကျစွာမင်းကြီး သားတော်ဖြစ်သော ဥဇနာမင်း နန်းတက်လေသည်။

တစ်ခါသော် မင်းကြီးသည် ထွက်တော်မူရာ မြစ်သာရွာသူ ပန်းပွတ်သည်မ၏ သမီးတစ်ယောက်ကို မြင်တော်မူပြီး နှစ်သက်သဖြင့် အနားတော် ယူထားတော်မူလေသည်။ အပါးတော်တွင်လည်း မပြတ်စေစားတော်မူလေသည်။ တစ်ခါသော် ပန်းပွတ်သည်မလေးသည် မင်းကြီးကို ယပ်ခံနေရင်း ရုတ်တရက် မေ့လဲလေသည်။ မင်းကြီးလည်း လန့်တော်မူပြီး ဝက်ရူး ထသည်လော ဟုမေးရာ ဘေးတွင် ရှိသော မိဖုရားက ဝက်ရူးမဟုတ်နိုင် အကြောင်းရှိမည် ဟု လျှောက်ပြီး ဆေးဆရာများဖြင့် ကုသစေလေသည်။ သူငယ်မလည်း ကြာသော် ပဋိသန္ဓေ နေလ စေ့ပြီး သားယောက်ျား မွေးဖွားလေသည်။ မင်းကြီးလည်း သူငယ်အရွယ် ရောက်သော် ဦးရီးတော် ပဉ္ဇင်းကို အပ်ပြီး စာသင်စေလေသည်။

မင်းကြီးဆရာတော် သခင်မြတ်သည် သားတော် ဖြစ်သော နရသီဟပတေ့မင်း (ခေါ်) မင်းခွေးချေး (ရာဇဝင်တွင် မင်းခွေ ဟုသာ ဖော်ပြကြသည်၊ မင်းသား ငယ်စဉ်က ချေဆတ်တတ်သော ရောဂါရှိပြီး အိပ်ရာတွင်း၌ အမြဲ ခွေနေတတ်သော ကြောင့် မင်းခွေ ဟု ခေါ်ကြောင်း ဆိုကြသည်။) ၏ ဇာတာကို ယူ၍ကြည့်သော် ကောင်းမည် အချိန်သို့ရောက်နေပြီ ဟုမြင်သဖြင့် ဦးရီးပဉ္ဇင်းကို ခေါ်ပြီး မင်းသားကို မင်းကြီးအား အပ်ပေဟု မိန့်လေသည်။ ဦးရီးပဉ္ဇင်းလည်း မင်းကြီး ရှိရာ တလ( ယခု ဒလ) သို့ ခေါ်သွားလေသည်။ တစ်ခါသော် မင်းကြီးသည် အောက်ပြည် ဟံသာဝတီသို့ ဆင်ဖမ်းထွက်သွားရာ စီးတော်မူသောဆင်က ဆင်ရိုင်းကို မနိုင်သောကြောင့် ပြေးရာ မင်းကြီး ဆင်ပေါ်မှ ဆင်ကြော့သည့် ကြိုးနှင့် ငြိတွယ်၍ ဒဏ်ရာကြီးစွာရပြီး နတ်ရွာစံလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သုခမိန် ရေး နဝရတ်ကိုးသွယ် မိုးဂျာနယ်(၂၀၀၈)